www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 7, 2013

မိုးဦးရာသီ ရောက်ခါနီး၍ ကြက်စာစပ်ဈေးနှုန်းမြင့်ကာ ကြက်ဥဈေးတက်




တောင်ကြီး ၊ ၇-၅-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီး မြို့နယ် အတွင်းရှိ သစ်ပင်ထောင် ၊ ဟိုပုံး ၆ မိုင် ၊ ရှမ်းရိုးမ မွေးမြူရေးဇုန် ၊ အေးသာယာ ၊ တောင်လေးလုံး စသည့် ဥစားကြက်ခြံ လုပ်ငန်းရှင် များသည် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာလ အထိ ၂၅ ပိဿာပါ ကြက်စာစပ် အိတ်တစ်အိတ် လျှင် ငွေကျပ် ၁၄၀၀၀ သာရှိခဲ့ပြီး ဒီဇင်ဘာလ နောက်ပိုင်း ငွေကျပ် ၁၆၅၀၀ ကျပ်အထိ ဈေးနှုန်း မြှင့်တက်လာကာ ကြက်ဥ ဈေးနှုန်းပါ ဈေးတက် လာကြောင်း သိရပြီး ယခင် ကြက်ဥ တစ်လုံးလျှင် ကျပ် ၇၀ ရှိခဲ့ရာမှ ယခု တစ်လုံး ကျပ် ၉၀ အထိ ဈေးတက်ခဲ့ကြောင်း ဥစားကြက် မွေးမြူရေး လုပ်ငန်းရှင် များထံမှ သိရသည်။

အဆိုပါ ကြက်စာစပ် ကုန်ကြမ်း ဈေးနှုန်းသည် ယခင်နှစ် ပြောင်းဆန် ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၄၅၀ မှကျပ် ၅၀၀ ထိ မြင့်တက် သွားပြီး ပြန်လည် ဈေးကျ ခဲ့သော်လည်း ပြောင်းဆန် အဓိက ပါဝင်သည့် ကြက်စာစပ် ဈေးနှုန်းမှာ ကျဆင်းခြင်း မရှိဘဲ တိုးမြင့်လာပြီး ယခု အချိန်အထိ ကြက်စာစပ် အိတ်တစ်အိတ်လျှင် ကျပ် ၁၆၀၀၀ မှ ၁၇၀၀၀ ခန့်ထိ ၀ယ်ယူရလျက် ရှိခြင်းကြောင့် ကြက်ဥ ဈေးနှုန်းပါ မြင့်တက် လာရခြင်း ဖြစ်ကြောင်း မွေးမြူရေး လုပ်ငန်းရှင် များထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger