www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 3, 2013

အစားအစာ ချွတ်ဆေးများကြောင့် ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြင်းထန်သော ရောဂါများ ခံစားရနိုင်



ရန်ကုန် ၊ ၃-၅-၂၀၁၃

မြန်မာ အစာအစား အားလုံးနီးပါး တွင် အသုံးပြုသော အရောင်ချွတ်ဆေး ( Sodium Hydrosulphate ) များပါသော အစားအစာ များကို နှစ်ရှည် လများ စားသောက် မိပါက ခန္ဓာကိုယ် တစ်ခုလုံးတွင် ပြင်းထန်သော ရောဂါများ ရရှိ ခံစား ရနိုင်ကြောင်း သိရသည်။

" ချွတ်ဆေး သုံးထားသော အစားအစာ တွေနဲ့ ဓာတု အရောင်များ ပါသော အစားအစာ တွေကို စားသုံးမိလို့ ဘီပိုး ကာကွယ်ဆေး ထိုးထားသော ကျွန်မ ကလေးတောင် အသည်းရောင် ရောဂါ ခံစား ရပါသေးတယ် ... " ဟု စလင်းမြို့နယ် တွင် နေထိုင်သူ အမျိုးသမီး တစ်ဦးက ပြောသည်။ ဓာတု ဆေးဝါးများ သုံးထားသော အစားအစာများ စားသုံးမိ ပါက အသည်းရောင် အသားဝါ ရောဂါ ၊ အစားအသောက် ကြောင့် ဖြစ်သော အသည်း ရောဂါ ရနိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန်ကြီး တစ်ဦးဖြစ်သူ ဒေါက် စိုးမင်းနိုင် က ပြောသည်။ အဆိုပါ ဓာတု ပစ္စည်းများ ခန္ဓာကိုယ်ထဲ ရောက်ရှိမှု များပြား လာပါက ပန်းနာ ရင်ကျပ်ရောဂါ ၊ အစာအိမ် သွေးယိုစိမ့်သော ရောဂါ ၊ အော့အန်ခြင်း ၊ အင်ပျဉ်များ ထွက်ပြီး အနီဖုများ ထွက်ခြင်း ၊ လျှာ နှင့် လက်များ ရောင်ရမ်းခြင်း ၊ တက်ခြင်း ၊ ခေါင်းမူးခြင်း ၊ ၀မ်းလျှောခြင်း ၊ ဗိုက်နာခြင်း ၊ နှလုံးခုန်မြန် လာခြင်း ၊ သွေးပေါင် ကျခြင်း စသော ဝေဒနာများ ခံစား ရနိုင် သည်ဟု သိရသည်။

မြန်မာ အစားအစာ ဖြစ်သော မုန့်ဟင်းခါးဖတ် များတွင်လည်း အရောင် ချွတ်ဆေးများ ပါဝင်နေသော မုန့်ဖတ်မျး ရှိနေပြီး ကျန်းမာရေး ဌာနများ အနေဖြင့် သက်ဆိုင်ရာ အစားအသောက် များကို စနစ်တကျ စစ်ဆေး ပြီးမှ ရောင်းချရန် ခွင့်ပြုသင့်ကြောင်း ထို ဓာတုဆေးဝါး များကို နိုင်ငံတကာ တွင် အသုံးပြု နေပြီး ပြည်တွင်း အသုံးပြု သူများက အသုံးပြု ရမည့် ပမာဏ ၊ အသုံးပြု ရမည့် နည်းစနစ် များကို မသိရှိဘဲ အချိန်အဆ ကို စမ်းသပ် အသုံးပြုသော အခြေအနေ များတွင်သာ ရှိကြကြောင်း အသုံးပြုသူ များထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger