www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 2, 2013

ပါဆယ်ထုတ်ပိုးပစ္စည်းများကြောင့် ကင်ဆာရောဂါ ဖြစ်ပွားနိုင်



ရန်ကုန် ၊ ၂-၄-၂၀၁၃

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ၂၀၁၁ ခုနှစ် ထုတ်ပြန်ချက် အစီရင်ခံစာ အရ မြန်မာနိုင်ငံ တွင် ကမ္ဘာ့ကင်ဆာ ရောဂါ အဖြစ် အများဆုံး နိုင်ငံ ၁၀ နိုင်ငံ ထဲတွင် နံပါတ် ၂ နေရာတွင် ရှိနေပြီး ကင်ဆာ ရောဂါ ဖြစ်စေနိုင်သည့် အကြောင်းရင်း များထဲ၌ ပါဆယ် ထုပ်ပိုးသည့် ကြွပ်ကြွပ်အိတ် အမျိုးမျိုး နှင့် ဖော့ဘူး များကြောင့် လည်း ပါဝင်သည်ဟု သိရသည်။

နိုင်ငံ၏ အမြို့မြို့ အနယ်နယ် များရှိ ဈေးဆိုင်များမှာ မုန့်ဟင်းခါး ၊ ကော်ဖီ ၊ အသုပ်စုံ ၊ အကြော်စုံ  စသည့် စားသောက် ဖွယ်ရာများကို အလွယ်တကူ ရရှိသည့် ပလတ်စတစ် ၊ ကြွပ်ကြွပ်အိတ် မျိုးစုံတို့ဖြင့် ထုပ်ပိုး နေကြပြီး အဆိုပါ ပလတ်စတစ်တွင် ပါဝင်သော " ပလတ်စတစ် ဆိုက်ဇာ " ဆိုသည့် ဓာတ် နှင့် " စတိုင်းရင်း " ဟူသော ဓာတုပစ္စည်း များသည် အပူဓာတ် ၊ ဆီပါဝင် သည့် အစားအစာ များနှင့် ထိတွေ့သောအခါ ယင်းဓာတ်များက အစားအသောက် အတွင်း ပျော်ဝင်ပြီး အဆိုပါ အစားအသောက် များကို လူတို့ စားသုံးရာမှာ အန္တရာယ် ဖြစ်စေနိုင်သော ကင်ဆာ ရောဂါများ ဖြစ်ပွား စေခြင်း ဖြစ်ကြောင်း သိရသည်။ နောက်တစ်မျိုး မှာ ကလေးများ နို့တိုက်ကျွေးသည့် ပလတ်စတစ် နို့ဘူးများ နှင့် ပလတ်စတစ် ရေပိုက်များ သည်လည်း " မိုနိုမာ " ဟုခေါ်သည့် အလွန် အဆိပ်ပြင်း သည့် ဓာတု ပစ္စည်းများ ပါဝင်သည်ကို တွေ့ရှိရပြီး ခန္ဓာကိုယ် အတွင်း ဆိုးရွားသည့် ကင်ဆာ ရောဂါကို ဖြစ်ပွား စေနိုင်ကြောင်း သိရသည်။

နောက်တစ်မျိုးမှာ ထမင်းဆိုင် ၊ ဒံပေါက်ဆိုင် နှင့် စားသောက်ဆိုင် များတွင် အသုံးပြုသည့် တစ်ခါသုံး ဖော့ဘူးများ သည်လည်း " စုတိုင်းရင်း " ဓာတ် ပါဝင်သည့် အတွက် ကင်ဆာရောဂါ ဖြစ်ပွားရန် အလွန် ကြောက်စရာ ကောင်းကြောင်း သိရသည်။ သို့ပါ၍ စားသောက် ဖွယ်ရာ များကို ၀ယ်ယူ စားသုံးသည့် အခါ ကြွပ်ကြွပ်အိတ် များ ၊ တစ်ခါသုံး ဖော့ဘူးများ နှင့် ထည့်သွင်း စားသုံးခြင်း သည် ကင်ဆာရောဂါကို ၀ယ်ယူ စားသုံး နေသည် ဖြစ်ကြောင်း ကျန်းမာရေး သုတအဖြစ် ရေးသား တင်ပြအပ် ပါသည်။

( ကိုမေတ္တာ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger