www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 5, 2013

MWD Digital ရုပ်သံလိုင်း ထပ်ဆင့်လွှင့် တာဝါတိုင်များ နေရာ ၅ ခုတွင် ထပ်မံတိုးချဲ့



ရန်ကုန် ၊ ၅-၃-၂၀၁၃

မြ၀တီရုပ်မြင်သံကြား ၏ မြ၀တီ ဒီဂျစ်တယ် ရုပ်သံလိုင်း များအတွက် ထပ်ဆင့်လွှင့် တာဝါတိုင် များကို တိုးချဲ့ တပ်ဆင် ဆောင်ရွက်လျက် ရှိရာ ဖေဖော်ဝါရီ တတိယပတ် အတွင်း မြို့နယ် ၅ ခု  တွင် ထပ်မံ တိုးချဲ့ခဲ့သည်။ အဆိုပါ ၅ မြို့နယ်မှာ ပဲခူး ၊ မိတ္ထီလာ ၊ မုံရွာ ၊ ပြင်ဦးလွင် နှင့် ဗထူး တို့ဖြစ်ကြောင်း သိရသည်။

ယခင်က ပြည်နယ် နှင့် တိုင်းဒေသကြီး အသီးသီးတွင် ထပ်ဆင့်လွှင့် တာဝါတိုင် ၁၃ ခုတွင် တပ်ဆင်ခဲ့ပြီး ယခုအခါ နေရာ ၅ နေရာ ထပ်မံ တိုးချဲ့သည့် အတွက် စုစုပေါင်း နေရာ ၁၈ ခုတွင် တပ်ဆင် ခဲ့ပြီး ဖြစ်သည်။ မြ၀တီ ဒီဂျစ်တယ် ရုပ်သံလိုင်း ထပ်ဆင့်လွှင့် တာဝါတိုင်များ တပ်ဆင်ခဲ့ပြီးသည့် နေရာ ၁၃ နေရာမှာ မြစ်ကြီးနား ၊ လားရှိုး ၊ စစ်ကိုင်း ၊ တောင်ကြီး ၊ ချောက် ၊ စစ်တွေ ၊ နေပြည်တော် ၊ ပြည် ၊ တောင်ငူ ၊ ပုသိမ် ၊ ရန်ကုန်၊ မော်လမြိုင် နှင့် မြိတ် တို့ဖြစ်သည်။

မြ၀တီ ရုပ်မြင်သံကြား ကို ၁၉၉၅ ခုနှစ်မှ စတင်ကာ Analogue စနစ်ဖြင့် နံနက်ပိုင်း တစ်ချိန်သာ စမ်းသပ် ထုတ်လွှင့် ခဲ့ရာမှ ၁၉၉၇ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ညနေပိုင်း ကိုပါ တိုးချဲ့ ထုတ်လွှင့် နိုင်ခဲ့သည်။ ၂၀၁၂ ခုနှစ် မေလ မှစ၍ Analogue စနစ်အပြင် Digital Set Top Box ဖြင့် ဖမ်းယူ ကြည့်ရှု နိုင်သည့် ဒီဂျစ်တယ်စနစ် ရုပ်သံလိုင်း ၆ လိုင်းကို ထပ်မံ ထုတ်လွှင့် ပြသလျှက် ရှိသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger