www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, March 3, 2013

တရားစခန်းများဖွင့်လှစ်မည်


ရန်ကုန် ၊ ၃-၃-၂၀၁၃

မိုးကုတ် ၀ိပဿနာ (၁၀)ရက် တရားစခန်း ကျင်းပမည်

ရန်ကုန်တိုင်း ဒေသကြီး သာကေတ မြို့နယ် ၊ (၉)ရပ်ကွက် ၊ န၀ရတ်လမ်း ၊ ပုညာရာမ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက်ကြီး ၌ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီး၏ ဥပနိဿယ ကို ခံယူလျက် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက် တရားတော်များ ၊ အလုပ်ပေး တရားတော်များ နှင့် တကွ နယ်လှည့် ဓမ္မ ကထိက ဆရာတော် များ၏ သစ္စာ တရားတော် များကို နာယူ ကျင့်ကြံ အားထုတ် နိုင်ရန် (၈၁) ကြိမ်မြောက် လစဉ် ပုံမှန် (၁၀) ရက် တရားစခန်း ပွဲကို လာမည့် မတ်လ ၁၃ ရက်နေ့ မှ ၂၂ ရက်နေ အထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ တရားစခန်း တွင် ယောဂီ ၂၅၀ ဦးသာ လက်ခံမည် ဖြစ်၍ ဖုန်း ၀၁- ၅၅၃ ၃၃၀ ၊ ၀၉- ၅၀၁ ၃၂၉၇ တို့သို့ ကြိုတင် ဆက်သွယ် စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

နေ့(၅)ရက် လစဉ် အထူးတရား စခန်းပွဲ ကျင်းပမည်

ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၊ ရွှေတိဂုံ ဘုရား မြောက်ဘက်မုခ် မူလ ကမ္ဘာအေး ကျောင်းတိုက် ၊ မိုးကုတ်ရိပ်သာ နေ့ (၅)ရက် လစဉ် အထူးတရား စခန်းပွဲကို လာမည့် မတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့ အထိ နံနက် ၈ နာရီမှ ညနေ ၅ နာရီ အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

တရားစခန်း တွင် မိုးကုတ် ဆရာတော် ကြီး၏ ဥပနိဿယ အတိုင်း မူလ ကမ္ဘာအေး ကျောင်း ဆရာတော် ဦးဝိမလ ၊ ဆရာတော် ဦးသုစိတ္တာ ဘိဝံသ တို့၏ ပဋိစ္စ သမုပ္ပါဒ် တရားတော် ကို ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် ဟောကြားမည် ဖြစ်ကြောင်း သိရသည်။ တရားစခန်း ၀င်လိုသည့် ယောဂီ များသည် ဖုန်း ၀၁- ၃၈၂ ၂၈၆ ၊ ၀၉- ၄၉၂၇ ၆၈၇၀ တို့သို့ ဆက်သွယ်ကာ ကြိုတင် စာရင်း ပေးသွင်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger