www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 13, 2013

တပ်မတော်စစ်ကြောင်း တစ်ခုနှင့် KIA အဖွဲ့တို့ လက်ဆွဲနှုတ်ဆက်



နေပြည်တော် ၊ ၁၃-၂-၂၀၁၃

ကချင်ပြည်နယ် အတွင်း ငြိမ်းချမ်းရေး အမြန် ရရှိရန် ရည်ရွယ်၍ တပ်မတော်သည် နိုင်ငံတော် သမ္မတရုံး ၏ ၂၀၁၁ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ပြည်ထောင်စု အစိုးရ အဖွဲ့၏ သတင်း ထုတ်ပြန် ကြေညာချက် (၃/၂၀၁၃) ပါအတိုင်း မိမိကိုယ်ကို ကာကွယ်ခြင်းမှ အပ ပစ်ခတ် တိုက်ခိုက်မှု မပြုခြင်းအား အလေးထား လိုက်နာ လျက်ရှိ ပါသည်။ ဖားကန့် မြို့နယ် အတွင်း နယ်မြေ စိုးမိုးရေး ဆောင်ရွက်လျက် ရှိသော တပ်မတော် စစ်ကြောင်း တစ်ခုသည် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်နေ့ ၁၂း၃၀ နာရီတွင် ဝှေလုံ / ဝှေခါ အရှေ့ဘက် ဂျာရားယန် ကျေးရွာ အနီး ရောက်ရှိ ခဲ့စဉ် ကျေးရွာ ဥက္ကဋ္ဌမှ ရွာဝန်းကျင် ၌ KIA ၃၀ ခန့်ရှိကြောင်း လာရောက် သတင်းပို့ ခဲ့သည်။

ထိုအချိန်တွင် ရွာအတွင်းမှ KIA ၁၀ ဦးခန့်သည် လက်နက် မပါ အရပ်ဝတ်ဖြင့် တပ်မတော် စစ်ကြောင်း ရှိရာသို့ လာရောက် ခဲ့ပါသည်။ တပ်မတော် စစ်ကြောင်း အနေဖြင့် ပစ်ခတ်ခြင်း မပြုလုပ်ဘဲ တပ်အသင့် နေရာယူ၍ စောင့်ဆိုင်း ခဲ့ပါသည်။ ၄-၂-၂၀၁၃ ရက်နေ့ ရွှေလီတွေ့ဆုံမှု ၏ ရလဒ် ဖြစ်သော ငြိမ်းချမ်းရေး ကို ရှေးရှု၍ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါသည်။

ထိုသို့ လာရောက် ရာတွင် KIA ရင်း (၆)မှ ဗိုလ်ကြီး လဒွဲ ဆိုသူမှ ဦးဆောင် လာခြင်း ဖြစ်ပါသည်။ တပ်မတော် အနေနှင့်လည်း ခင်မင် ရင်းနှီးစွာ လက်ဆွဲ နှုတ်ဆက်ပြီး ဂျာရားယန် ကျေးရွာ ကိုဖြတ်ကျော်၍ ရည်မှန်းချက် ကို ဆက်လက် ထွက်ခွာ သွားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger