www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 13, 2013

ပြည်ပ ကဏန်းဈေးကွက်တွင် မြန်မာ့ကဏန်းများ ဈေးကောင်းလာနိုင်


ရန်ကုန် ၊ ၁၃-၂-၂၀၁၃

ပြည်ပဈေးကွက် သို့ တင်ပို့ နေသော ကဏန်း ဈေးကွက်တွင် မြန်မာ့ ကဏန်း များသည် ယခုထက် ပိုမိုကာ ဈေးကောင်းများ ရရှိရန် အခြေအနေ ရှိလာကြောင်း မြန်မာ နိုင်ငံ ကဏန်း လုပ်ငန်းရှင် များအသင်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မြန်မာ့ ကဏန်း တင်ပို့မှု နှင့် ဈေးကွက် ယှဉ်ပြိုင် တင်ပို့ နေသော နိုင်ငံများတွင် ကဏန်း ထုတ်လုပ်မှု လျော့ကျလာပြီး ဈေးကွက် လိုအပ်ချက် ကို ပြည့်မီရန် ဖြည့်ဆည်း နိုင်စွမ်း နည်းလာကာ ၀ယ်လိုအား တိုး၍ ဈေးကောင်းမည့် အခြေအနေ မျိုး ဖြစ်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ မှ ပြည်ပ ဈေးကွက်သို့ တင်ပို့ရာတွင် ကဏန်း တစ်ကီလိုလျှင် ၉ ဒေါ်လာ ရရှိနေပြီး မကြာမီတွင် ၁၃ ဒေါ်လာ အထိ မြင့်မားစွာ ရရှိရန် အခြေအနေ ကြုံလာ နိုင်ကြောင်း ဈေးကွက် ကျွမ်းကျင်သူ များက ခန့်မှန်း ထားကြသည်။ မြန်မာ နိုင်ငံ၏ ရေထွက် ကုန်ကြမ်းများ ပြည်ပ တင်ပို့မှု ၂၀၁၂ -၂၀၁၃ ဘဏ္ဍာနှစ် အတွင်း နိုင်ငံခြားငွေ လျာထားမှု တွင် ကဏန်း တင်ပို့မှုမှ ဒေါ်လာ ၃၈ သန်း လျာထားရာ ဖေဖော်ဝါရီ ၃ ရက်နေ့ အထိ ဒေါ်လာ ၃၇ ဒသမ ၃၈ သန်း ရရှိပြီး လျာထားချက် အပေါ် ၉၈ ဒသမ ၃၈ ရာခိုင်နှုန်း ရရှိ နေကြောင်း ၊ ငါးလုပ်ငန်း ဦးစီးဌာန FIQC ဌာနခွဲမှ ထုတ်ပြန်သော စာရင်းများ အရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger