www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2013

အိန္ဒိယနိုင်ငံသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံတန်ဖိုးရှိ တင့်ဖျက်ဒုံးများ ၀ယ်ယူသွားရန် ဆွေးနွေးလျက်ရှိခြင်း


Javelin Anti-Tank Missile
၁၁-၂-၂၀၁၃

အိန္ဒိယ နိုင်ငံသည် အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ တန်ဖိုးရှီ Javelin တင့်ဖျက် ပဲ့ထိန်းဒုံးပျံ စနစ်များ ၀ယ်ယူရေး အမေရိကန် နှင့် ဆွေးနွေးလျက် ရှိကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့ Newsnow သတင်း တစ်ပုဒ်အရ သိရသည်။

အိန္ဒိယ ကြည်းတပ်သည် တာဝေး ၂.၅ ကီလိုမီတာ အကွာရှိ ရန်သူ့ တင့်ကားများကို တိုက်ခိုက် ဖျက်ဆီး နိုင်စေရန် Javelin တင့်ဖျက် ပဲ့ထိန်း ဒုံးပျံ ၈၃၅၆ စင်း နှင့် ဒုံးပစ်စင် ၃၂၁ ခုကို တပ်ဖြန့် ချထားရန် စီစဉ်လျက် ရှိသည်။ အဆိုပါ ဒုံးပျံစနစ် ကို ဖလော်ရီဒါ ပြည်နယ်ရှိ Eglin လေတပ် အခြေစိုက် စခန်းတွင် စမ်းသပ်မှု ပြုလုပ် ခဲ့စဉ်က ၄င်း ဒုံးပျံသည် အိန္ဒိယ ကြည်းတပ်မှ လိုအပ်လျက် ရှိသည့် တာဝေး ထိရောက်မှုထက် ၂ ဆနီးပါး ရှိသော ၄.၇၅ ကီလိုမီတာ အကွာရှိ ပစ်မှတ် များကို ဖျက်ဆီး နိုင်ခဲ့ကြောင်း သိရသည်။

အမေရိကန် နှင့် အိန္ဒိယ ကြည်းတပ်ဖွဲ့ တို့သည် မေလတွင် အမေရိကန်ရှိ fort Bragg အခြေစိုက် စခန်း၌ Yudh abhyas ပူးတွဲ စစ်ရေး လေ့ကျင့်ခန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ စစ်ရေး လေ့ကျင့်ခန်း တွင် Javelin တင့်ဖျက် ဒုံးပျံများကို စမ်းသပ်ခွင့် ရနိုင်ဖွယ် ရှိကြောင်း Raytheon ကုမ္ပဏီ၏ အဆင့်မြင့် မန်နေဂျာ Brad Barnard က ပြောကြား ခဲ့သည်။ အဆိုပါ လူတစ်ယောက် သယ် ဒုံးပျံစနစ်ကို ယာဉ်ပေါ် တင်ဆောင်၍ လည်းကောင်း ၊ သီးခြား အနေဖြင့် လည်းကောင်း အသုံးပြု နိုင်စွမ်း ရှိကြောင်း နှင့် Javelin တင့်ဖျက် ပဲ့ထိန်း ဒုံးပျံ စနစ်ကို Raytheon နှင့် Lockheed Martin ကုမ္ပဏီတို့က ပူးတွဲ ထုတ်လုပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger