www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 11, 2013

ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ အရေပြား ရောဂါကုသနိုင်သည့် ရောင်ခြည်ကုထုံးစက် လှူဒါန်း


ရန်ကုန် ၊ ၁၁-၂-၂၀၁၃

ရန်ကုန် ပြည်သူ့ ဆေးရုံကြီး အရေပြား ဌာနသို့ ရောင်ခြည် ကုထုံးစက် ဖြင့် အရေပြား ရောဂါ ကုသ နိုင်သောစက် ( Thera Bean UV 308 P ) လှူဒါန်းပွဲ အခမ်းအနား ကို ယမန်နေ့ နေ့လည် ၂ နာရီတွင် ရန်ကုန်မြို့ ၊ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ် ၊ မင်္ဂလာ ခန်းမ၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ အလှူရှင် ZAW MYO HTAIN Services Co., Ltd ဥက္ကဋ္ဌ ၊ ဦးဗညားဇော် က လှူဒါန်း ရခြင်းကို ရှင်းလင်း တင်ပြပြီး ၄င်း စက်အကြောင်း အား Ushio Asia Pacific Pte Ltd မှ Mr. Keiichi MASAMOTO က ရှင်းလင်း တင်ပြကာ Thera Bean UV 208 P စက်မှ ကုသ ပေးနိုင်သော ရောဂါများ အကြောင်းကို Graduate School of Medicile Osaka University, Department of Dermatology မှ Professor and Chairman ဖြစ်သူ Mr. Lchiro Katayama က ရှင်းလင်း ပြောကြားသည်။

ထို့နောက် ရောင်ခြည် ကုထုံးစက် Thera Bean UV 308 P ကို ZAW MYO HTAIN Services Co., Ltd ဥက္ကဋ္ဌ ၊ ဦးဗညားဇော် က ရန်ကုန် ပြည်သူ့ ဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်ကျော် ထံသို့ ပေးအပ် လှူဒါန်းပြီး ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးကျော်ကျော် နှင့်ရန်ကုန် ပြည်သူ့ ဆေးရုံကြီး ၊ အရေပြား ဌာနမှ Professor ဒေါက်တာ ဒေါ်ခိုင်ခိုင်ဇော် တို့က ကျေးဇူးတင် စကား ပြန်လည် ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းသည်။

ယနေ့ လှူဒါန်းသည့် ရောင်ခြည် ကုထုံးစက် Thera Bean UV 308 P သည် ကုသရန် ခက်ခဲသော အရေပြား ရောဂါများ ဖြစ်သည့် ယားနာများ ၊ အင်ပြင်များ နှင့် နေလောင် ဒဏ်ရာများကို Excimer Filter အသုံးပြု၍ အထူး ကုသသော ကလပ်ဆဲလ် များကို ပြုပြင် ပေးမည် ဖြစ်သည်။ ဂျပန်နိုင်ငံမှ ထုတ်လုပ်ခြင်း ဖြစ်ပြီး ကာလ တန်ဖိုးငွေ ကျပ်သိန်း ၇၅၀ ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခမ်းအနား သို့ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ နှင့် တိုင်းဒေသကြီး ၀န်ကြီးများ ၊ တာဝန်ရှိ သူများ နှင့် ဖိတ်ကြား ထားသူများ တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger