www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 12, 2013

ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဌာနသို့ လွဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ



မန္တလေး ၊ ၁၂-၂-၂၀၁၃

မန္တလေးမြို့ ၊ အမရပူရ မြို့နယ် ၊ ပန်းချီ ကျေးရွာ အုပ်စု ၊ ချောင်းခွရွာ နှင့် တိမ်ပြာရွာ အမှတ် ၈၃ အခြေခံ ပညာ မူလတန်း ကျောင်း ၊ ရွှေပြည့်သျှံ စာသင် ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေး ဌာနသို့ လွဲပြောင်း ပေးအပ်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၉ ရက်နေ့က အဆိုပါ ကျောင်းဆောင်သစ် ရှေ့တွင် ကျင်းပခဲ့ ကြောင်း သိရသည်။

အခမ်းအနား တွင် မန္တလေးတိုင်း ဒေသကြီး ၊ ပညာရေး ညွှန်ကြား ရေးမှူး ဦးစိုးမြင့်ထွန်း ၊ ရွှေပြည့်သျှံ ကျောင်းဆောင် သစ်အလှူရှင် ဒေါ်မြနှင်းဝေ ၊ ပန်းချီကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်ဇော် တို့က ကျောင်းဆောင် သစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြပြီး ၊ ရွှေပြည့်သျှံ ကျောင်းဆောင်သစ် ဆိုင်းဘုတ် အား မန္တလေးတိုင်း ဒေသကြီး မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ နာယက ဒေါ်မြတ်ငွေ က စက်ခလုပ် နှိပ် ဖွင့်လှစ် ပေးခဲ့သည်။

ဆက်လက်၍ အဆိုပါ ကျောင်းမှ ကျောင်းသား ကျောင်းသူ များက မြန်မာ့ ကျောင်းသီချင်း သီဆိုကာ အခမ်းအနား အားဖွင့်လှစ်ပြီး တိုင်းဒေသကြီး ပညာရေး ညွှန်ကြား ရေးမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် အလှူရှင်က ကျောင်းဆောင် သစ်နှင့် ပတ်သက်သော စာရွက် စာတမ်းများကို ပညာရေး ဌာနသို့ လွှဲပြောင်း ပေးအပ်ရာ မြို့နယ် ပညာရေးမှူး က လက်ခံ ရယူပြီး တိုင်းဒေသကြီး ပညာရေးမှူးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ် ခဲ့သည်။ အဆိုပါ ကျောင်းဆောင် သစ်သည် အလျား ၄၀ ပေ ၊ အနံ ၃၀ ပေရှိပြီး ငွေကျပ် သိန်း ၃၀၀ အကုန်အကျ ခံကာ ဦးတင်မိုး + ဒေါ်မြနှင်းဝေ ( စူပါ စိမ်းလဲ့ ရွှေပြည့်သျှံ ကျောက်မျက် ကုမ္ပဏီ ) မန္တလေးမှ လှူဒါန်း ခြင်းဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger