www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2013

မသန်စွမ်းသူများ အနုပညာပွဲတော် ကိုယ်စားပြု TITLE နှင့် LOGO ပါဝင်ယှဉ်ပြိုင်နိုင်

မသန်စွမ်းသူများ အနုပညာပွဲတော် ကိုယ်စားပြု TITLE နှင့် LOGO ပါဝင်ယှဉ်ပြိုင်နိုင် ဇန်န၀ါရီ(၈)ရက်နေ့ ပထမအကြိမ် မြန်မာနိုင်ငံလုံးဆိုင်ရာ မသန်စွမ်းသူများ အနုပညာပွဲတော် (၂၀၁၃)ကို နိုင်ငံတော်အဆင့် အနေဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ရာ ပွဲတော် ကိုယ်စားပြု ခေါင်းစဉ် TITLE နှင့် သင်္ကေတ LOGO များ သတ်မှတ်နိုင်ရေး အတွက် မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင်များမှာ ကိုယ်အင်္ဂါ အမြင်၊ အပြော၊ အကြား၊ ဥာဏ်ရည် ချို့ယွင်း အားနည်းသည့် မသန်စွမ်းသူများ အားလုံးကို ကိုယ်စားပြုရမည်၊ မသန်စွမ်းသူများ၏ စွမ်းဆောင်ရည် အခွင့်အရေး တန်းတူညီမှုမှု နှင့် အနုပညာ ရပ်ဝန်းကို ပေါင်းကူးပေးသည့် အဓိပ္ပါယ် ပေါ်လွင်ရမည်။ ပွဲတော် TITLE သည် ကျစ်လစ် ရိုးရှင်းရမည်။ A-4 စာရွက်ဖြင့် ရှင်းလင်းရေးသား ဖော်ပြရမည်။ LOGO သည် ကွန်ပျူတာဖြင့် ဒီဇိုင်း ရေးဆွဲသော ပုံ ဖြစ်ရမည်။ A-4 အပြည့်ဖြင့် မူရင်းအတိုင်း ပရင့်ထုတ် ပေးပို့ရမည်။ အဓိပ္ပါယ် ဖော်ပြ ရှင်းလင်းချက်များ ပွဲတွဲ ပါရှိရမည် ဖြစ်သည်။ ပါဝင် ယှဉ်ပြိုင်လိုသူများ အနေဖြင့် အမည်၊ မှတ်ပုံတင်မိတ္တူ၊ နေရပ်လိပ်စာ အတိအကျ ပူးတွဲ ဖော်ပြလျက် ကိုယ်တိုင် ရေးသား ဖန်တီးသော TITLE (သို့) LOGO ဖြစ်ကြောင်း ၀န်ခံချက်နှင့် အတူ ဇန်န၀ါရီ ၃၁ ရက်နေ့ နောက်ဆုံးထား၍ ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန် မြို့နယ်၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင် အဖွဲ့သို့ စာတိုက်၊ အီးမေးလ် Myanmarrili @ gmail.com သို့ ပေးပို့နိုင်ကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၉၄၅၀၀၆၇၂၄၇ သို့ မေးမြန်း စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger