www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 8, 2013

နေပြည်တော်၌ မြားပစ်ပြိုင်ပွဲ ကျင်းပမည်

နေပြည်တော်၌ မြားပစ်ပြိုင်ပွဲ ကျင်းပမည် ဇန်န၀ါရီ(၈)ရက်နေ့ ပဉ္စမအကြိမ် အရှေ့တောင် အာရှ တံခွန်စိုက် မြားပစ်ပြိုင်ပွဲနှင့် (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ အကြို ဆန်းစစ် မြားပစ်ပြိုင်ပွဲ အား နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ၀ဏ္ဏသိဒ္ဓိ မြားပစ် အားကစားကွင်း၌ ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ထိုင်းနိုင်ငံ၊ မလေးရှား နိုင်ငံ၊ စင်ကာပူ နိုင်ငံ၊ ဗီယက်နမ် နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ပြိုင်ပွဲဝင် အားကစားသမား များသည် ဇန်န၀ါရီ ၉ ရက်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာ လေကြောင်း ခရီးစဉ်များဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိကြမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger