www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 20, 2013

အခမဲ့ ရုပ်သံလိုင်း MNTV အား ၂၀၁၃ ဧပြီလတွင် စတင် ထုတ်လွှင့်မည်


ရန်ကုန် ၊ ၂၀-၁-၂၀၁၃

မြန်မာနိုင်ငံ တွင်း၌ အခမဲ့ ရုပ်သံလိုင်း အဖြစ် မြန်မာ နေရှင်နယ် တီဗီ MNTV ရုပ်သံလိုင်းကို ၂၀၁၃ ခုနှစ် ၊ ဧပြီလတွင် စတင်ထုတ်လွှင့် နိုင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အခမဲ့ ရုပ်သံလိုင်း ဖြစ်သည့် အားလျော်စွာ အင်တာနက်တိုင် ဖြင့်ပင် ဖမ်းယူ ကြည့်ရှု နိုင်မည် ဖြစ်ပြီး ရုပ်သံလိုင်း များကို ၂၄ နာရီပတ်လုံး ဖမ်းယူ ကြည့်ရှုနိုင်အောင် စီမံ ထားရှိမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အခမဲ့ ရုပ်သံလိုင်းတွင် ဖျော်ဖြေရေး ၊ ကျန်းမာရေး ၊ အားကစား ၊ နိုင်ငံတကာ ဗဟုသုတ များနှင့် ရိုးရာ ယဉ်ကျေးမှု အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး နံနက် ၊ နေ့လည် ၊ ညနေပိုင်း ဟူ၍ ၂၄ နာရီပတ်လုံး အဆက်မပြတ် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း ၊ လက်ရှိတွင် MNTV ရုပ်သံလိုင်း အနေဖြင့် Sky Net DTH နှင့် HD စက်များတွင် စမ်းသပ် ထုတ်လွှင့် ပေးလျက် ရှိကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger