www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, January 20, 2013

နိုင်ငံတကာ စစ်တုရင်ပြိုင်ပွဲများ ကျင်းပမည်

ရန်ကုန် ၊ ၂၀-၁-၂၀၁၃

ဗီယက်နမ် နိုင်ငံ ၊ ဟိုချီမင်း မြို့တော်တွင် လာမည့် မတ်လ ၁၈ ရက်မှ ၂၃ ရက်အထိ ကျင်းမည့် တတိယအကြိမ် အလွတ်တန်း စစ်တုရင် ပြိုင်ပွဲ The Third HD Bank Cup International Open Chess Tournament (2013) နှင့် ရူမေနီးယား နိုင်ငံ ၊ လာဆီမြို့တွင် လာမည့် ဧပြီလ ၂၁ ရက်မှ ၃၀ ရက်အထိ ကျင်းပ ပြုလုပ်မည့် အပျော်တမ်း စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲ Award Amaeteur Chess Championship (2013) တို့တွင် ပါဝင် ယှဉ်ပြိုင်ရန် ကမ္ဘာ့ စစ်တုရင် အဖွဲ့ချုပ်တွင် ပါဝင်သည့် နိုင်ငံများသို့ အကြောင်းကြား ထားကြောင်း သိရသည်။

ဗီယက်နမ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် စစ်တုရင် ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ တစ်သောင်း ၊ ဒုတိယဆု အမေရိကန် ဒေါ်လာ ၅၀၀၀ နှင့် တတိယဆု အမေရိကန်ု ဒေါ်လာ ၃၀၀၀ အပြင် အဆင့် ၂၀ အထိ ဆုများ ချီးမြှင့်ရန် သတ်မှတ် ထားကြောင်း သိရသည်။ ရူမေနီးယား နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် အပျော်တမ်း စစ်တုရင် ပြိုင်ပွဲတွင် လည်းဆုများ ထိုက်ထိုက် တန်တန် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger