www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 25, 2013

ကျိုင်းတုံတက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ



ကျိုင်းတုံ ၊ ၂၅-၁-၂၀၁၃

၂၀၁၂-၂၀၁၃ ပညာသင်နှစ် မောင်မယ် သစ်လွင် ကြိုဆိုပွဲအား ယမန်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ကျိုင်းတုံ တက္ကသိုလ် ခေမာရဌ် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ ကျိုင်းတုံ တက္ကသိုလ် တာဝန်ခံ ပါမောက္ခချုပ် နှင့် ဘာသာရပ် အလိုက် ပါမောက္ခ ၊ ဌာနမှူးများ ၊ ဆရာ - ဆရာမများ ၊ ကျောင်းသား - ကျောင်းသူများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ၃၀၀ ကျော် တက်ရောက် ခဲ့ကြောင်း သိရသည်။

မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနားတွင် တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာ မေရီသိမ်း နှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ ကျော်စိုးမြင့် တို့မှ ကြိုဆို နှုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပါမောက္ခများ၊ ဌာနမှူးများ မှ မိတ်ဆက် စကား ပြောကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ သိကောင်း စရာများအား ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်၍ ကျိုင်းတုံ တက္ကသိုလ် မော်ကွန်းထိန်း ဒေါ်ခင်သန်းဆွေ မှ ကျောင်းစည်းကမ်း ၊ စည်းမျဉ်းများကို ဖတ်ကြား ရှင်းလင်း ခဲ့သည်။ ၄င်းနောက် ၆၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲနှင့် အင်္ဂလိပ်ဘာသာဖြင့် ကျပန်း စကားပြော ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ အသီးသီး ချီးမြှင့် ပေးအပ်ခဲ့ပြီး တက်ရောက် လာသူများအား စားသောက်ဖွယ် ရာများဖြင့် တည်ခင်း ဧည့်ခံခဲ့ပြီး ၁၁ နာရီ အချိန်တွင် အခမ်းအနားကို ရုတ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger