www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 25, 2013

အမျိုးသမီး စစ်မှုထမ်းများ တာဝန်ထမ်းဆောင်မှုကို တားမြစ်ထားသည့် ဥပဒေရုပ်သိမ်း



၂၅-၁-၂၀၁၃

အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနသည် ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် တိုက်ခိုက်ရေး ကဏ္ဍတွင် အမျိုးသမီး စစ်မှုထမ်းများ တာဝန် ထမ်းဆောင်မှုကို တားမြစ်ထားသည့် ဥပဒေအား တရားဝင် ရုပ်သိမ်းခဲ့ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး လီယွန် ပန်နက်တာ က ဇန်န၀ါရီလ ၂၄ ရက်နေ့တွင် ကြေညာခဲ့သည်ဟု Newsnow သတင်းတစ်ပုဒ် အရ သိရသည်။

အမျိုးသမီး စစ်မှုထမ်းများသည် စစ်မြေပြင် နှင့် စစ်မြေပြင် ပြင်ပ တို့တွင် ရဲရင့်မှု ၊ စွန့်လွှတ် အနစ်နာခံ မှုနှင့် ကဏ္ဍရပ် များစွာတွင် တာဝန် ထမ်းဆောင် နိုင်စွမ်းရှိမှု တို့ကို သက်သေ ပြခဲ့ပြီး ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီးက ပြောကြား ခဲ့သည်။ အဆိုပါ ဥပဒေအား ရုပ်သိမ်း ရခြင်း၏ ရည်မှန်းချက်မှာ စစ်မှုထမ်းများ အနေဖြင့် ကျား/မ မခွဲခြားဘဲ အကောင်းဆုံး အရည်အသွေး ရရှိစေရန် ဖြစ်ကြောင်း လီယွန် ပန်နက်တာ က ဆက်လက် ပြောကြား ခဲ့သည်။


အမေရိကန် သမ္မတ အိုဘားမား ကလည်း ပင်တဂွန် စစ်ဌာနချုပ်၏ အဆိုပါ ဆုံးဖြတ်ချက် အား အပြည့်အ၀ ထောက်ခံကြောင်း နှင့် တပ်မတော်၌ တာဝန် ထမ်းဆောင်ရာတွင် အမျိုးသမီး များအတွက် အခွင့်အလမ်း များ တိုးမြှင့် ပေးရန် လိုလားကြောင်း အိမ်ဖြူတော် ပြောရေး ဆိုခွင့်ရှိသူ ဂျေးကာနေး က ပြောကြား ခဲ့သည်။ အမေရိကန် တပ်မတော်တွင် ၂၀၁၆ ခုနှစ်အထိ အပြောင်းအလဲ များစွာ ပြုလုပ် သွားမည် ဖြစ်ကြောင်း နှင့် အမေရိကန် တပ်မတော်တွင် စစ်မှုထမ်း ၁.၄ သန်း ရှိသည့်အနက် ၁၄ ရာခိုင်နှုန်း မှာ အမျိုးသမီး စစ်မှုထမ်းများ ဖြစ်ကြောင်း သိရှိရသည်။



ဝန်ခံချက် = ပုံများကို Google Search မှ ယူသုံးထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger