www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 1, 2013

မြေထည်ရုပ်တုများ ဈေးကွက်အတွင်း ရောင်းချလာ

မြေထည်ရုပ်တုများ ဈေးကွက်အတွင်း ရောင်းချလာ ဇန်န၀ါရီ(၁)ရက်နေ့ စဥ့်ထည့် ပစ္စည်းများ ပြုလုပ်သကဲ့သို့ မီးဖုတ်ရန် မလိုအပ်သော လက်မှု အနုပညာ မြေထည် ရုပ်တုများကို ဈေးကွက် အတွင်း စတင် ရောင်းချ လာခဲ့ကြောင်း စဥ့်ထည် လုပ်ငန်း လုပ်ကိုင်သူများ ထံမှ သိရသည်။ ဈေးကွက် အတွင်း ရောင်းချသော မြေထည် ပန်းပုရုပ် အများစုမှာ ရှေးဟောင်း လက်ရာများကို အခြေခံ ပြုလုပ် ထားခြင်း ဖြစ်ပြီး နေအိမ်များ အတွင်း အလှဆင်သည့် မီကျောင်း၊ ကြက်တူရွေး၊ ကြက်ဆင်၊ လိပ်၊ ဒေါင်း စသော အရုပ်များ ကိုလည်း သဘာဝ အရောင်ဖြင့် ထုလုပ်နိုင်ကြောင်း သိရသည်။ မြေထည် အရုပ်များ အား ပြုလုပ်ရာတွင် ရွှံ့ထည် မပါဝင်ခြင်း ကြောင့် မီးဖုတ်ရန် မလိုအပ်ဘဲ ရွှံ့ထည် ပစ္စည်း များထက် ဈေးနှုန်း သက်သာပြီး ဘိလပ်မြေနှင့် ကျောက်မှုန့် တို့ကို ရောစပ်ကာ အခြောက်ခံ ပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger