www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2012

ဒီဇင်ဘာ လူငယ် ယဉ်ကျေးလိမ္မာ အဓိဋ္ဌာန်စခန်း ဖွင့်မည်

ဒီဇင်ဘာ လူငယ် ယဉ်ကျေးလိမ္မာ အဓိဋ္ဌာန်စခန်း ဖွင့်မည် ဒီဇင်ဘာ(၁၁)ရက်နေ့ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေး အဖွဲ့မှ ဦးဆောင်ပြီး လူငယ် ယဉ်ကျေး လိမ္မာ ၅ ရက် အဓိဋ္ဌာန် စခန်း ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်၊ ငါးဆူတောင် (၅)ရပ်ကွက် ရှိ မြင့်မြတ် အလင်းရိပ်သာ တွင် ဒီဇင်ဘာ ၂၅ ရက်၌ ကျင်းပမည် ဖြစ်သည်။ အဓိဋ္ဌာန် စခန်းသို့ သတ္တမတန်းမှ ဒသမတန်း အထိ ကျောင်းသား၊ ကျောင်းသူ များ စာရင်း ပေးသွင်း နိုင်ပြီး အဓိဋ္ဌာန် စခန်း ၀င်ရမည့် ရက်မှာ ဒီဇင်ဘာ ၂၅ ရက်မှ ၃၁ ရက် အထိ ဖြစ်သည်။ ဦးရေ ကန့်သတ်ထား သဖြင့် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံး ထားပြီး ငါးဆူတောင် ရိပ်သာ ဖုန်း-၀၉၇၃၂၄၁၈၄၁ ၊ ၀၉၄၃၂၀၂၁၈၉ နှင့် ရန်ကုန် ဖုန်း- ၀၉၅၀၅၈၉၆၄ ၊ ၀၉၇၃၀၀၇၉၅၅ တို့သို့ ဆက်သွယ် စာရင်း ပေးသွင်းပြီး သိလိုသည့် အချက်များ စုံစမ်း မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger