www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2012

မြို့ပြအင်ဂျင်နီယာ နည်းပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပမည်

မြို့ပြအင်ဂျင်နီယာ နည်းပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၁)ရက်နေ့ စင်္ကာပူရောက် မြန်မာ မြို့ပြအင်ဂျင်နီယာများအသင်း၏ တတိယအကြိမ် နည်းပညာရပ်ဆိုင်ရာ ဆွေးနွေး တင်ပြမှုနှင့် နှီးနှောဖလှယ်ပွဲကို ဒီဇင်ဘာ ၂၃ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ လမ်းမတော် မြို့နယ်၊ မင်းရဲကျော်စွာ လမ်းရှိ UMFCCI (Function Hall) တွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါ နှီးနှောဖလှယ် ပွဲတွင် ဒေါက်တာ စိုးသိန်းက Marina Coastal Express Way Construction Work in Singapore ခေါင်းစဉ်ကို လည်းကောင်း၊ ဦးတိုးတိုးအောင် နှင့် ဒေါ်စန်းစန်းတင် တို့က Technical Requirements for Deep Excavation in Singapore ခေါင်းစဉ်ကို လည်းကောင်း၊ ဦးကျော်သက်ဦး က Large Diameter Pipe Jaking Work for Sewer Network ခေါင်းစဉ်ကို လည်းကောင်း၊ ဦးစန်းနွယ် က Principle and Practice of Quality Control in Highway Construction Projects ခေါင်းစဉ်ကို လည်းကောင်း၊ ဦးတင်မိုးလွင် က Contract Strategies ခေါင်းစဉ်ကို လည်းကောင်း၊ ဦးသန့်ဇော်အောင် က Workplace Safety in Singapore Construction Industry ခေါင်းစဉ်ကို လည်းကောင်း အသီးသီး ဆွေးနွေး ကြမည် ဖြစ်ရာ စိတ်ပါ ၀င်စားသူ မည်သူမဆို တက်ရောက် နိုင်ကြောင်း သိရှိရသည်။ အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁၆၅၂၈၃၁ ၊ ၀၁၂၃၀၀၇၃၆ ၊ ၀၉၄၂၁၀၀၆၀၇၉ တို့သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger