www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 12, 2012

ဒဂုံပရဟိတ ရန်ပုံငွေ တေးဂီတပွဲ ကျင်းပမည်

ဒဂုံပရဟိတ ရန်ပုံငွေ တေးဂီတပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၂)ရက်နေ့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ရပ်အဖြစ် နှစ်စဉ် ကျင်းပလျက်ရှိ သော DAGON Charity Music Tour 2012-2013 ဒဂုံ ပရဟိတ ရန်ပုံငွေ တေးဂီတပွဲကို ၂၀၁၂ ဒီဇင်ဘာ ၇ ရက်၊ ၉ ရက်နှင့် ၁၃ ရက်တို့တွင် တောင်ငူ၊ ပဲခူးမြို့များတွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင် တောင်ငူ၊ ပဲခူးမြို့များတွင် လည်းကောင်း ပြုလုပ်မည် ဖြစ်ပြီး The Trees, Lazy Club တေးဂီတ ၀ိုင်းများနှင့် အတူ ရင်ဂို၊ ဘိုဖြူ၊ လှိုင်ဦးမော်၊ ဟဲလေး၊ ဂျီလတ်၊ သျှီ၊ L ဆိုင်းဇီ၊ မေသက်ထားဆွေ၊ ခင်ပြည့်စုံသွေး၊ မေမြတ်နိုးတို့ သီဆို ဖျော်ဖြေ မည်ဖြစ် ကြောင်း၊ ဟာသ သရုပ်ဆောင် ဒိန်းဒေါင် နှင့် ခင်လှိုင် တို့လည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။ တေးဂီတ ဖျော်ဖြေပွဲမှ ရရှိလာမည့် အလှူငွေများကို လူမှုကူညီရေး အသင်းအဖွဲ့ များဖြစ်သည့် မဟာအောင်မြေ (မန္တလေး)၊ မေတ္တာရှင် (တောင်ကြီး)၊ ရန်အောင်မြေ (မိတ္ထီလာ)၊ ကလျာဏ မိတ္တ (ပဲခူး)နှင့် မေတ္တာနှင့် စေတနာ (တောင်) အသင်းများ အတွက် ရန်ပုံငွေအဖြစ် ဒဂုံ အဖျော်ယမကာ ကုမ္ပဏီ လီမိတက်မှ ဦးစီးခြင်း ဖြစ်သည်ဟု သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger