www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 22, 2012

ပြည်ပ အလုပ်သမားပို့ အေဂျင်စီများ အစိုးရသို့ FEC 100 ပေးသွင်းရသည့် စနစ်ပယ်ဖျက်

ရန်ကုန် ၊ ၂၂-၁၁-၂၀၁၂


ပြည်ပသို့ အလုပ်သမားများ ပို့ဆောင်သည့် အေဂျင်စီများ အနေဖြင့် ပြည်ပသို့ အလုပ်သမား စေလွှတ် ရာတွင် အလုပ်သမား တစ်ဦးလျှင် FEC 100 ပေးသွင်းရသော စနစ်ကို နိုဝင်ဘာ ၁၉ ရက်မှစ၍ ဖျက်သိမ်းပေး လိုက်ပြီ ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယခင်က ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်မည့် သူများကို အလုပ်သမား မှတ်ပုံတင်ကတ် ထုတ်ပေး ရာတွင် FEC 100 ပေးဆောင် မှသာ အလုပ်သမားကတ် ထုတ်ပေးခဲ့သည်။ ယခုမူ ပြည်ပသို့ သွားရောက် အလုပ်လုပ် ကိုင်မည့် အလုပ်သမား များ ကုန်ကျစရိတ် သက်သာစေ ရန် ဖြေလျော့ ပေး လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်ပတွင် တရားဝင် သွားရောက် အလုပ်လုပ် ကိုင်နေသူများ ရှိသကဲ့သို့ တရားမ၀င် သွားရောက် လုပ်ကိုင် နေသူများလည်း ရှိရာ ပြည်ပတွင် တရားမ၀င် သွားရောက် အလုပ်လုပ် ကိုင်နေသူ များ၏ အထောက်အထား ၊ သတင်းအချက် မှန်များကို အလုပ်သမား ၀န်ကြီးဌာန အနေဖြင့် မြန်မာ အလုပ်သမား အများစု ရှိသော ပြည်ပ နိုင်ငံ များနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရ သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger