www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 16, 2012

တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင်သည် CPC ဗဟိုကော်မတီ၏ အထွေထွေ အတွင်းရေးမှူးနှင့် ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခံရ




၁၆-၁၁-၂၀၁၂

တရုတ် ဒုတိယသမ္မတ ရှီကျင့်ဖျင်သည် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သော (၁၈)ကြိမ်မြောက် တရုတ် ကွန်မြူနစ် ပါတီဗဟို ကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးတွင် CPC ဗဟို ကော်မတီ အထွေထွေ အတွင်းရေးမှူး အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည့် အပြင် CPC ၏ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ အဖြစ်လည်း ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

ထို့အပြင် လီကီကျန်း ၊ ကျန်တီကျန်း ၊ ယူကျန်ရှန်း ၊ လျူရန်ရှမ်း ၊ ၀မ်ချီရှန် နှင့် ကျန်းကောင်းလီ တို့သည် (၁၈)ကြိမ်မြောက် တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို၏ အမြဲတမ်း ကော်မတီဝင်များ အဖြစ် ရွေးချယ်ခံ ခဲ့ရသည်။ Fan Changlong နှင့် Xu Qiliang တို့သည် CPC ဗဟို စစ်ကော်မရှင် ၏ ဒုတိယ ဥက္ကဋ္ဌ များအဖြစ် လည်းကောင်း ၊ အဖွဲ့ဝင် သစ်များအဖြစ် Chang Wanquan ၊ Fang Fenghui ၊ Zhang Yang ၊ Zhoa Keshi ၊ Youxia ၊ Wu Shengli ၊ Ma Xiaotion နှင့် Wei Fenghe တို့လည်း ရွှေးချယ် ခံခဲ့ရသည်။

တရုတ်နှင့် ကမ္ဘာ့နိုင်ငံ များအကြား အပြန်အလှန် နားလည်မှု နက်ရှိုင်း စေရန် ဆက်လက် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း ၊ ၄င်းတို့အား ယုံကြည်စွာဖြင့် ရွေးချယ်ခဲ့ သဖြင့် အသစ် ရွေးချယ် ခံရသည့် ဗဟို ကော်မတီ ခေါင်းဆောင်သစ် များကိုယ်စား ၄င်းအနေဖြင့် ပါတီဝင် များကိုလည်း အလွန် ကျေးဇူး တင်ရှိပါကြောင်း နှင့် ထိုကဲ့သို့ ယုံကြည်မှု အတွက် မိမိတို့၏ တာဝန် ၀တ္တရား တို့ကို အစွမ်းကုန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း အဆိုပါ ပထမအကြိမ် အစည်းအဝေး တွင် ရှီကျင့်ဖျင်က ပြောကြား ခဲ့သည်။ ရှိကျင့်ဖျင် သည် တရုတ် သမ္မတ အဖြစ် ၂၀၁၃ ခုနှစ် မတ်လတွင် ခန့်အပ်ခြင်း ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger