www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2012

အကယ်ဒမီ ချီးမြှင့်မည့် စင်မြင့်ဒီဇိုင်း ရေးဆွဲတင်ပြရန် တင်ဒါခေါ်ယူ



ရန်ကုန် ၊ ၂၀-၁၁-၂၀၁၂

၂၀၁၁ ခုနှစ် အတွက် အကယ်ဒမီ ဆုချီးမြှင့်မည့် စင်မြင့် ဒီဇိုင်း ပုံစံငယ် ရေးဆွဲတင်ပြရန် နှင့် မီးအလှဆင် လုပ်ငန်း ဆောင်ရွက်ရန် မြန်မာ့ ရုပ်ရှင် လုပ်ငန်းက တင်ဒါ ခေါ်ယူလျက် ရှိကြောင်း သိရသည်။

အဆိုပါ တင်ဒါတွင် စင်မြင့် တည်ဆောက်ရေး နှင့် ပတ်သက်ပြီး ဒီဇိုင်းပုံစံငယ် ထုတ်ပြီး စင်မြင့် ဒီဇိုင်းအတွက် တင်ဒါ တင်သွင်းခြင်း ၊ စင်မြင့် တစ်ခုလုံး မီးအလှဆင် ခြင်းများ ဆောင်ရွက်ရန် အတွက် တင်ဒါ ခေါ်ယူခြင်း ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စား တင်ဒါတင်သွင်း လိုသူများ အနေဖြင့် တင်ဒါပုံစံ နှင့် စည်းကမ်းချက် များကို အမှတ်(၂၈)၊ ကုက္ကိုင်း ရိပ်သာလမ်း ရှိ မြန်မာ့ရုပ်ရှင် လုပ်ငန်းတွင် ထုတ်ယူနိုင်ပြီး နိုဝင်ဘာ ၃၀ ရက် နောက်ဆုံးထား တင်သွင်းနိုင်ကြောင်း သိရသည်။

တင်ဒါ တင်သွင်းရာတွင် ပုံစံငယ် နှင့်အတူ ကုန်ကျစရိတ်ပါ တင်ပြရန် လိုအပ်ပြီး ဒီဇိုင်း တစ်မျိုးတည်းသာ တင်ပြရန် နှင့် ရွေးချယ်ခြင်း ခံရပါက မြန်မာ့ ရုပ်ရှင် လုပ်ငန်းမှ ငွေကျပ် နှစ်သိန်း ချီးမြှင့် ပေးအပ် မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger