www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 15, 2012

မန္တလေးအသင်း (ရန်ကုန်)က ၂၀၁၃ ခုနှစ် ပြက္ခဒိန် ထုတ်ဝေ




ရန်ကုန် ၊ ၁၅-၁၁-၂၀၁၂

မန္တလေးအသင်း (ရန်ကုန်)က အစဉ်အလာ မပျက် ၂၀၁၃ ခုနှစ် ပြက္ခဒိန်ကို ပန်းချီဆရာ အကျော်အမော် များ၏ ပန်းချီကား ၁၃ ကားဖြင့် ထုတ်ဝေ ဖြန့်ချိ သွားမည်ဖြစ်ပြီး မျက်နှာဖုံးတွင် မန္တလေး ၀ါရင့် သမ္ဘာရင့် ပန်းချီ ဆရာကြီး ဦးဘသက် ၁၉၄၁ က ရေးဆွဲထားသော ရတနာပုံ မြနန်းစံကျော် ရွှေကျောင်းတော် ၊ အတွင်း စာမျက်နှာတွင် တစ်မျက်နှာချင်း ၀ါရင့် ပန်းချီ ဆရာကြီးများ နှစ်ပေါင်း ကြာမြင့်စွာ ရေးဆွဲ ထားသော လက်ရာမြောက် ပန်းချီများ ပါဝင်ကြောင်း သိရသည်။

အနုပညာ လက်ရာမြောက် ပန်းချီကားများ စိတ်ဝင်စား သူများ ၊ မြန်မာ့ ပန်းချီ ပညာကို နှစ်သက် မြတ်နိုး သူများ ၊ ရှေးဟောင်း ပန်းချီ လက်ရာကို တန်ဖိုးထား သူများသည် မန္တလေး အသင်း (ရန်ကုန်) အမှတ် ၊ ၂၄၃/ ၂၄၅ ၊ ဗိုလ်အောင်ကျော်လမ်း ၊ ကျောက်တံတား မြို့နယ် ၊ ရန်ကုန်မြို့ ၊ ဖုန်း ၀၁-၃၈၄၀၁၄ ၊ ထွန်းဦးစာပေ ၊ ၂၉ လမ်းနှင့် ၈၄ လမ်း ဗိုလ်ချုပ် အောင်ဆန်း လမ်းထောင့် ၊ မန္တလေးမြို့ ဖုန်း ၀၂-၇၂၅၁၈ ၊ ၀၉- ၂၀၀၅၈၂၈ နှင့် ပြက္ခဒိန် အရောင်းဆိုင် များတွင် ဆက်သွယ် ၀ယ်ယူနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger