www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 6, 2012

အာရှလူငယ် တံခွန်စိုက် အလေးမပြိုင်ပွဲ မြန်မာနိုင်ငံက အိမ်ရှင် နိုင်ငံအဖြစ် လက်ခံ ကျင်းပမည်



ရန်ကုန် ၊ ၆-၁၁-၂၀၁၂

မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အာရှလူငယ် တံခွန်စိုက် အလေးမ ပြိုင်ပွဲကို ရန်ကုန်မြို့ ၊ သိမ်ဖြူ မိုးလုံလေလုံ အားကစားရုံ၌ နိုဝင်ဘာ ၇ ရက်မှ ၁၂ ရက်နေ့ထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ 
 
အဆိုပါ ပြိုင်ပွဲတွင် ယူ-၁၇ ပြိုင်ပွဲနှင့် ယူ-၂၀ ပြိုင်ပွဲ အတန်း ၂ တန်းခွဲကာ ကျင်းပ မည်ဖြစ်ရာ မြန်မာအလေးမ အဖွဲ့က ယူ-၁၇ တွင် ပြိုင်ပွဲဝင် အမျိုးသား ၆ ဦး ၊ အမျိုးသမီး ၇ ဦး ၊ ယူ-၂၀ တွင် ပြိုင်ပွဲဝင် အမျိုးသား ၆ ဦး နှင့် အမျိုးသမီး ၆ ဦး တို့ ၀င်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှ အလေးမ အားကစား သမား ၄၁၀ ဦး ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး မြန်မာအလေးမ အားကစား သမားများကို ဘူဂေးရီးယား နည်းပြက လေ့ကျင့် ပေးလျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger