www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 4, 2012

အောက်တိုဘာလအတွင်း ရွှေတိဂုံစေတီတော်သို့ ဘုရားဖူး နှင့် လေ့လာသူ နိုင်ငံခြားသား သုံးသောင်းကျော် ရောက်ရှိ




ရန်ကုန် ၊ ၄-၁၁-၂၀၁၂

ကမ္ဘာပေါ်တွင် ထင်ရှား ကျော်ကြားလှပြီး ဗုဒ္ဓဘာသာ ၀င်တို့၏ အထွတ်အမြတ် ထားရာ လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော်မြတ် ကြီးသို့ လာရောက်ဖူးမြော် ကြည်ညိုကြ သူများ နှင့် သာသနိက အဆောက်အအုံများ အား ကြည့်ရှု လေ့လာသူ နိုင်ငံခြားသား ဧည့်ဝင်ရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ၊ တစ်လထက် တစ်လ ပိုမိုများပြား လာကြောင်း ရွှေတိဂုံ စေတီတော် ဂေါပက အဖွဲ့ တာဝန်ရှိသူ တို့ထံမှ သိရသည်။

အောက်တိုဘာလ တစ်လတာ ကာလအတွင်း နိုင်ငံခြား ဧည့်သည် ၀င်ရောက်မှုမှာ ၃၅၉၂၄ ဦးဖြစ်ပြီး ၅ နှစ်အောက် ကလေးများမှ အပ တစ်ဦးလျှင် ၅ ဒေါ်လာနှုန်း ကောက်ခံ ရရှိသဖြင့် အမေရိကန် ဒေါ်လာ ၁၇၃၄၅၁ နှင့် FEC ၆၁၆၉ ရရှိခဲ့သည်။ လူမျိုးခြား ၊ ဘာသာခြား ကြသော်လည်း ကြည်နူးပီတိ ဖြစ်မှုအတွက် သဒ္ဒါ တတ်အားသရွှေ့ အလှူငွေများ ထည့်ဝင် လှူဒါန်း သွားကြသည်။ ၄င်းတို့၏ အလှူငွေ ထည့်ဝင်မှုမှာ အမေရိကန် ဒေါ်လာ ၁၆၀၄၅ နှင့် FEC ၄၈ တို့ဖြစ်သည်။ ရွှေတိဂုံ စေတီတော်သို့ ၀င်ရောက်ကြသည့် နိုင်ငံခြားသား များမှာ အာရှတိုက်သား များအပြင် ဥရောပ တိုက်သားများ ၊ အာဖရိက တိုက်သားများ နှင့် အမေရိကတိုက်သား များပါ ပါဝင်လျက် ရှိကြောင်း သိရသည်။

နိုင်ငံအလိုက် ဆိုရသော် အဆိုပါ အောက်တိုဘာလ အတွင်း ၀င်ရောက်သူများမှာ ထိုင်းနိုင်ငံသား များဖြစ်ပြီး ၉၈၀၃ ဦး ဖြစ်သည်။ တရုတ်နိုင်ငံသား ၄၅၁၇ ဦး ၊ ဂျပန်နိုင်ငံသား ၃၃၁၀ ဦး ၊ ကိုရီးယား နိုင်ငံသား ၃၃၀၂ ဦး ၊ ဂျာမဏီ နိုင်ငံသား ၁၇၂၀ ဦး နှင့် အခြားနိုင်ငံစုံ မှ နိုင်ငံသားများ လာရောက် ခဲ့ကြကြောင်း ရွှေတိဂုံ စေတီတော် ဘဏ္ဍာရေး ဌာနမှ သိရှိရသည်။





No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger