www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 19, 2012

တရုတ်နိုင်ငံကို တန်ပြန် ထိန်းညှိရန် ကြိုးပမ်းလျက် ရှိရာမှ အရှေ့တောင် အာရှဒေသ အတွင်း လက်နက် အားပြိုင်မှု ဖြစ်ပေါ်လျက် ရှိခြင်း

၁၉-၁၁-၂၀၁၂

ကမ္ဘောဒီးယား နိုင်ငံ ၊ ဖနွမ်းပင်မြို့ တွင် နိုဝင်ဘာ ၂၀ ရက်နေ့၌ ကမ္ဘာ့ခေါင်းဆောင် ၂၀ ဦးကျော်ဖြင့် ပြုလုပ်မည့် အစည်းအဝေး တစ်ရပ်တွင် အရှေ့တောင် အာရှ ဒေသတစ်ဝန်း လက်နက် ၀ယ်ယူမှု ကိစ္စရပ်တွင် ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးရမည့် ကိစ္စရပ် တစ်ရပ် ဖြစ်လာ မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်နေ့ Newsnow သတင်း တစ်ရပ်အရ သိရသည်။

၂၀၁၁ ခုနှစ်တွင် အာရှ - ပစိဖိတ် ဒေသတွင်း ကာကွယ်ရေး အသုံးစရိတ်မှာ အမေရိကန် ဒေါ်လာ ၂၅.၄ ဘီလီယံ ရှိပြီး ၁၃.၅ ရာခိုင်နှုန်း တိုးတက်လာ ခဲ့ကြောင်းနှင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ု ဒေါ်လာ ၄၀ ဘီလီယံ အထိ မြင့်တက် လာလိမ့်မည်ဟု မျှော်မှန်းရကြောင်း Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး ဆိုင်ရာ သုတေသန ဌာနက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ၏ စစ်ရေးအင်အား ချဲ့ထွင်လာမှု နှင့် စီးပွားရေး ဆိုင်ရာ တိုးတက် လာမှု များကြောင့် ဒေသ တွင်း နိုင်ငံများသည် လျှို့ဝှက် စစ်ဆင် နိုင်စွမ်းသော ရေငုပ်သင်္ဘော ဒါဇင်ပေါင်း များစွာ အပါအ၀င် ရေ တပ် နှင့် လေတပ်သုံး စစ်လက်နက် ပစ္စည်းများ ၀ယ်ယူ ဖြည့်ဆည်း လျက်ရှိသည်။ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ ထိုင်း နှင့် ကမ္ဘောဒီးယား နိုင်ငံတို့သည် ၂၀၀၂ ခုနှစ်မှ ၂၀၁၁ ခုနှစ် အထိ ၆၆ ရာခိုင်နှုန်း မှ ၈၂ ရာခိုင်နှုန်း အထိ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့် သုံးစွဲခဲ့ကြောင်း အဆိုပါ ဌာနက ပြောကြား ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် အမေရိကန် နိုင်ငံမှ ကမ်းရိုးတန်း အခြေစိုက် ရေဒါစနစ် များနှင့် တောင်ကိုရီးယား မှ ရေငုပ်သင်္ဘော များ ၀ယ်ယူခဲ့ကြောင်း ၊ ဗီယက်နမ် နိုင်ငံသည် ရုရှားနိုင်ငံမှ တိုက်လေယာဉ် များနှင့် ရေ ငုပ် သင်္ဘောများ ၊ အစ္စရေးနိုင်ငံမှ ပဲ့ထိန်း ဒုံးပျံများ ၀ယ်ယူခဲ့ကြောင်း ကာကွယ်ရေး ဆိုင်ရာ လေ့လာ ဆန်းစစ်သူ များက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်ထံမှ စစ်လက်နက် ပစ္စည်းများ အများဆုံး ၀ယ်ယူလိုမှု စာရင်းတွင် ပါရှိခဲ့ကြောင်း နှင့် ကာကွယ်ရေး ဆိုင်ရာ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး အတွက် ဂျပန် ၊ တောင်ကိုရီးယား ၊ ပြင်သစ် နှင့် ဗြိတိန် နိုင်ငံတို့ထံ ချဉ်းကပ်လျက် ရှိကြောင်း သိရသည်။ စင်ကာပူ နိုင်ငံ သည် အမေရိကန် ထံမှ တိုက်လေယာဉ် များနှင့် ဆွီဒင်နိုင်ငံမှ ရေငုပ် သင်္ဘောများကို ၀ယ်ယူ ဖြည့်ဆည်း ခဲ့သည်။ ထိုင်းနိုင်ငံ အနေဖြင့်လည်း ဆွီဒင်နိုင်ငံမှ တိုက်လေယာဉ် များနှင့် ရေငုပ်သင်္ဘောများ ၀ယ်ယူရန် စီစဉ်လျက် ရှိပြီး နောက်ပိုင်းတွင် အဆိုပါ ယာဉ်များ၌ သင်္ဘောဖျက် ဒုံးပျံများ တပ်ဆင် သွားရန် စီစဉ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger