www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 19, 2012

အင်္ဂလန်နိုင်ငံ ပညာရေး ပြောင်းလဲမှုနှင့် ပညာသင် ထောက်ပံ့ကြေး အကြောင်း ဟောပြောမည်




ရန်ကုန် ၊ ၁၉-၁၁-၂၀၁၂

အင်္ဂလန်နိုင်ငံ အခြေစိုက် Global Education Consultancy Services နှင့် Crown Education တို့ ပူးပေါင်း စီစဉ် ကျင်းပမည့်  ၂၀၁၂ ခုနှစ် ၊ ပညာသင်နှစ် အင်္ဂလန် ပညာရေးစနစ် ပြောင်းလဲမှု နှင့် ပညာသင် ထောက်ပံ့ကြေး များအကြောင်း ဟောပြောပွဲကို နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ Summit Parkview Hotel တွင် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်း ဟောပြောပွဲတွင် အင်္ဂလန် စာမေးပွဲ ကြီးကြပ်ရေး အဖွဲ့အစည်း တစ်ခု ဖြစ်သည့် Ofqual ( Office of Qualifications and Examinations Regulationly ) က အင်္ဂလန် GCEA စာမေးပွဲများ တစ်ကြိမ်သာ ကျင်းပရန် ထုတ်ပြန်ခြင်း ၊ ပြန်လည် ဖြေဆိုခွင့် များကို ကန့်သတ်မှု ထုတ်ပြန် ကြေ ညာခြင်း နှင့် ဆက်စပ်ပြီး ဖြစ်ပေါ် လာနိုင်သည့် GCEA စာမေးပွဲ အခြေအနေနှင့် ပညာရေး လမ်းကြောင်းကို ရှင်းလင်း ပြောကြားမည့် အပြင် မြန်မာနိုင်ငံမှ ကျောင်းသားများ အတွက် ပညာသင် ထောက်ပံ့ကြေး ပမာဏများများ ပေးအပ်မည့် အစီအစဉ်များ အကြောင်းကိုပါ ရှင်းလင်း ဟောပြော မည် ဖြစ်သည်။

အဆိုပါ ဟောပြောပွဲနှင့် ပတ်သက်၍ တစ်ဦးချင်း မေးမြန်းလို သူများအနေဖြင့် Crown Education ရုံးခန်း အမှတ် ၂၇၀ (ဒဂုံစင်တာ နှင့် ဓနလှိုင် တာဝါကြား) အခန်း (9A) တွင် ဆက်လက် ပြုလုပ်ပေး သွားမည် ဖြစ် ပြီး အသေးစိတ် သိလိုပါက ဖုန်း ၀၉- ၇၃၂၇ ၃၂၇၇ ၊ ၀၉- ၅၀၅၈ ၁၈၅ တွင် စာရင်းပေးသွင်း စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger