ရန်ကုန် ၊ ၂၆-၁၀-၂၀၁၂
ဗီယက်နမ် နိုင်ငံသည် ကုန်သွယ်မှု တန်ဖိုး
နှစ်စဉ် တိုးတက်လျက် ရှိသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ
ကုန်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်လျက် ကုန်စည် ပြပွဲများကို ၂၀၀၉ ခုနှစ် ကတည်းက ကျင်းပလာခဲ့သည်။
၂၀၁၂ ခုနှစ်တွင် (၇)ကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှီ တပ်မတော် ခန်းမ၌
ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Park Royal ဟိုတယ်၌
ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။
အဆိုပါ ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲကို
၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံရှီ
ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင် များအသင်း နှင့် ဗီယက်နမ် နိုင်ငံ Ministry
of Industry and Trade of Vietnam (MOIT Vietnam) တို့မှ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ကြောင်း
သိရှိရသည်။


+1.jpg)



No comments:
Post a Comment