Pages

Friday, October 26, 2012

ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည်




ရန်ကုန် ၊ ၂၆-၁၀-၂၀၁၂

ဗီယက်နမ် နိုင်ငံသည် ကုန်သွယ်မှု တန်ဖိုး နှစ်စဉ် တိုးတက်လျက် ရှိသော နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး မြန်မာ - ဗီယက်နမ် နှစ်နိုင်ငံ ကုန်သွယ်မှု မြှင့်တင်ရန် ရည်ရွယ်လျက် ကုန်စည် ပြပွဲများကို ၂၀၀၉ ခုနှစ် ကတည်းက ကျင်းပလာခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် (၇)ကြိမ်မြောက် အဖြစ် ရန်ကုန်မြို့ ဦးဝိစာရလမ်းရှီ တပ်မတော် ခန်းမ၌ ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲ ကျင်းပမည် ဖြစ်ကြောင်း ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသည့် စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ဗီယက်နမ် - မြန်မာ ကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ် ၊ အောက်တိုဘာ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည် ဖြစ်သည်။ မြန်မာနိုင်ငံရှီ ကုန်သည်များ နှင့် စက်မှုလုပ်ငန်းရှင် များအသင်း နှင့် ဗီယက်နမ် နိုင်ငံ Ministry of Industry and Trade of Vietnam (MOIT Vietnam) တို့မှ ပူးပေါင်း စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment