www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 4, 2019

အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း နီပေါအသင်းကို အနိုင်ရ

အိုလံပစ် ခြေစစ်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း နီပေါအသင်းကို အနိုင်ရ
-
ရန်ကုန်  ဧပြီ  ၃ 
-
၂ဝ၂ဝ တိုကျိုအိုလံပစ်အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု(က)ပထမနေ့ကို ဧပြီ ၃ ရက် ညနေပိုင်းတွင် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ကျင်းပရာ အိမ်ရှင်မြန်မာအသင်းကနီပေါအမျိုးသမီးအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့်  အနိုင်ရရှိသွားသည်။
-
မြန်မာအသင်းသည် ယခုနှစ်အတွင်း နီပေါအသင်းနှင့် တွေ့ဆုံသည့် ပွဲအားလုံးတွင် အနိုင်ရခဲ့ပြီး အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ တွင်လည်း အုပ်စုနှင့် ဗိုလ်လုပွဲ နှစ်ပွဲစလုံး အနိုင်ရခဲ့သည်။ မြန်မာအသင်း အနေဖြင့် ပွဲဦးထွက်ပွဲ အနိုင်ရခဲ့သော်လည်း အကောင်းဆုံးပုံစံ မရသေးသောကြောင့် နောက်ပွဲများတွင် ကစားပုံ ပိုကောင်းပြီး နိုင်ပွဲဆက်ရန် ကြိုးပမ်းရမည်ဖြစ်သည်။                     
-
မြန်မာအမျိုးသမီးအသင်းသည် အသင်း ခေါင်းဆောင် ခင်မာလာထွန်းအပါအဝင် ခင်မိုမိုထွန်း၊ ခင်မိုးဝေ၊ ဝင်းသိင်္ဂီထွန်း၊ ဝေဝေ အောင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင်နီပေါအသင်းဘက်သို့ ပိုဖိကစားနိုင်ခဲ့ပြီး နီပေါအသင်းက ခံစစ်ကို ဦးစားပေးကာတန်ပြန်တိုက်စစ်ဖြင့်သာကစားခဲ့သည်။ မြန်မာအသင်းသည် ၂၃ မိနစ်တွင် ဂိုးစရ ခဲ့ပြီး ရီရီဦးက သွင်းယူခဲ့ခြင်းဖြစ်သည်။ နီပေါအသင်းအတွက် ချေပဂိုးကို ပထမပိုင်း ပြီးခါနီး တွင်အသင်းခေါင်းဆောင် နီရူသာပါက ခေါင်းတိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်း အစတွင် မြန်မာအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး ဝင်းသိင်္ဂီထွန်းကအမှားအယွင်းမရှိကန်သွင်းခဲ့၍    မြန်မာ အသင်းဒုတိယဂိုးရခဲ့သည်။ တတိယဂိုးကို ၈၉ မိနစ်တွင် ဝင်းသိင်္ဂီထွန်းက ထပ်မံသွင်းယူ ခဲ့သည်။ 
-
ပထမပွဲတွင် အိန္ဒိယအသင်းက အင်ဒိုနီးရှားအသင်းကို နှစ်ဂိုးပြတ်ဖြင့်အနိုင်ရခဲ့ပြီးအိန္ဒိယအသင်းအတွက်   အနိုင်ဂိုး များကို တိုက်စစ်မှူး ဂရေ့စ်ဒန်မီက ၂၆၊ ၆၇ မိနစ်တွင် သွင်းယူခဲ့သည်။အိန္ဒိယအသင်းသည် ယခုပွဲတွင် ဂိုးပြတ် အနိုင်ရရန် ကြိုးပမ်းခဲ့သော်လည်း နှစ်ဂိုးသာရခဲ့ပြီး အင်ဒိုနီးရှားအသင်း၏ ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် ကစားရ ခက်ခဲခဲ့ခြင်း ဖြစ်သည်။ ဒုတိယနေ့ကိုဧပြီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိန္ဒိယအသင်းနှင့် နီပေါအသင်း၊ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ယှဉ်ပြိုင်ကစားရမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger