www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 2, 2019

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ

မဘိမ်း မြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ် နေသူများအား ဖမ်းဆီးရမိ
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာနေ ဦးမျိုးမြင့်(ဘ) ဦးသောင်းဖေ၏ နေအိမ်အား မတ် ၃၁ ရက် မွန်းတည့်၁၂ နာရီခန့်တွင်လုံခြုံရေး တပ်ဖွဲ့ဝင်များကသတင်းအရ ဝင်ရောက် ရှာဖွေရာ ဦးမျိုးမြင့်နှင့် မူးယစ်ဆေးဝါး လာရောက်ဝယ်ယူနေသည့် ဦးမြင့်နိုင်(ဘ) ဦးထွန်းသောင်းတို့ကို ဘိန်းဖြူ ၅ဝ ဂရမ်ပါ ဆပ်ပြာခွက် ငါးခွက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝဝ ပြား (စုစုပေါင်းမူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁၂ဝ ကျော်)၊ မော်တော်ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ သူများအားတရားဥပဒေအရ အရေးယူ ဆောင်ရွက်နိုင်ရန် မဘိမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger