www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2019

ဝက်သက်ရောဂါဖြစ်ပွားမှုများသည့် တိုင်းဒေသကြီးနှင့် ပြည်နယ် သုံးခုတွင် ဝက်သက် ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း ဆောင်ရွက်သွားမည်

-
နေပြည်တော်  ဖေဖော်ဝါရီ  ၃ 
-
ဝက်သက်ရောဂါဖြစ်ပွားမှုများသော တိုင်းဒေသကြီး နှင့်ပြည်နယ်သုံးခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ကရင် ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ဝက်သက်ရောဂါကာကွယ် ဆေးလွှမ်းခြုံမှုနည်းသည့် မြို့နယ်များကိုရွေးချယ်၍ ယခုလအတွင်း ဝက်သက်ရောဂါကာကွယ်ဆေးအပို ဆောင်းထိုးနှံခြင်းလုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန္တာလွင်၏ ပြောကြားချက်အရသိရသည်။ 
-
ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်းကို  ၂ဝ၁၉ ခုနှစ်  ဒီဇင်ဘာလတွင် နိုင်ငံတစ်ဝန်း အစုလိုက်  ဝက်သက်ရောဂါ ကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ပြီးလတ်တလောဝက်သက်ရောဂါ အဖြစ်များသည့် မြို့နယ်များတွင် ယခုလအတွင်း ဝက်သက်ရောဂါ ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။
-
ဝက်သက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းလမ်းညွှန်များကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေ ဦးစီးဌာန ဌာနမှူးများ နှင့် အခြေခံကျန်းမာရေးဝန်ထမ်းများသိရှိနားလည် ဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှဖြန့်ဝေထားသောကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းအထောက်အကူပြု Mobile Tablet များမှ တစ်ဆင့်သော် လည်းကောင်း၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ Website တစ်ဆင့် သော်လည်းကောင်း အသိပေးဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ အဆိုပါ ဝက်သက်ရောဂါ အစုလိုက် ထိုးနှံခြင်းလုပ်ငန်းများ၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများကိုဝက်သက်ရောဂါဖြစ်ပွားသောနေရာဒေသများ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ ပရဟိတစခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် မိဘမဲ့စောင့်ရှောက်ရေး ဂေဟာများတွင် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။     
-
လင်းကြည်လင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger