www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊နမ့်ပေါ်တံတားစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့ည ၆ နာရီခန့်တွင် တီးမားရွာဘက်မှမူဆယ်ဘက်သို့ တီးမားကျေး ရွာနေ ကျောင်လျို(ဘ) ဦးကျောင်းရှင်းရုန် မောင်းနှင်လာပြီး မူဆယ်မြို့၊ မန်ဝိန်းရပ်၊ စွမ်စော်ရပ်ကွက်နေ လင်စူးကျဉ်(ဘ)ဦးရန်လင်နှင့် ဟုန်စီ(ဘ)ဦးဟုန်ရှင်းစီတို့ လိုက်ပါလာသည့်Mark-II အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN-5C/------ယာဉ်အား ရပ်တန့်ရှာဖွေရာ ယာဉ်ဂီယာအုံ ဘေးအနောက်အံဝှက်အတွင်း ထည့်၍ သယ်ဆောင်လာသော ၈ ဂရမ်ခန့်ပါ ဘိန်းဖြူဆပ်ပြာခွက် ငါးခွက်(စုစုပေါင်း ၁၆ ဂရမ်ခန့်)၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ဝဝ ပြား(စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် ၃၆ သိန်းကျော်)တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 
-
အဆိုပါဖမ်းဆီးရမိသူများ၊ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား မူဆယ်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger