www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

ဆက်သွယ်ရေး ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်
-
နေပြည်တော်  ဖေဖော်ဝါရီ  ၄ 
-
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူးဒိုင်း အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ရှိနယ်မြေခံသင်တန်းကျောင်း၌ ပြုလုပ်ရာ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် သော်လွင်နှင့်  တာဝန်ရှိသူများ၊   အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာတက်ရောက် လာကြသူများက ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်နေမှုများကို ကြည့်ရှု အားပေးကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ အမျိုးသား/အမျိုးသမီး ပွဲစဉ်အလိုက်တစ်ဦးချင်းဆု ရရှိသူများ၊အသင်းလိုက်ဆု ရရှိသူများနှင့်  ဒိုင်းဆုရရှိသော အသင်းတို့အား ဆက်သွယ်ရေးညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။                  
-
(၅ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger