www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 7, 2019

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ သုံးဦး ဒဏ်ရာရရှိ

KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော တိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲ၍ အပြစ်မဲ့ပြည်သူ သုံးဦး ဒဏ်ရာရရှိ
-
နေပြည်တော် ဇန်နဝါရီ ၆ 
-
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက် နယ်မြေ(၁၁) ငွေပျော်စံကျေးရွာနေ မောင်လမယ်ဆီး၊ မောင်လာကျော်တား နှင့် မောင်လာကျော်သူ(ဘ) ဦးလာဖာဖူးတို့ ညီအစ်ကို သုံးဦးသည် ဆေးမြစ်ရှာဖွေရန်ဆိုင်ကယ်နှစ်စီးဖြင့် တောထဲသို့ ထွက်ခွာလာစဉ် တာရိုးယံကျေးရွာ၏ အရှေ့မြောက်ဘက် ၃ မိုင်ခွဲခန့်အကွာ ရိုးယံခချောင်းအနီးသို့ အရောက်၌ KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသောတိုက်မိုင်းတစ်လုံး တိုက်မိပေါက်ကွဲခဲ့သည်။ 
-
မိုင်းပေါက်ကွဲမှုကြောင့် မောင်လမယ်ဆီးတို့ ညီအစ်ကိုသုံးဦးတွင်မိုင်းစထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး မြစ်ကြီးနားမြို့ရှိ    တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။ အဆိုပါမိုင်းထိ လူနာများအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger