www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 15, 2019

မဲဆန္ဒရှင် စာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

မဲဆန္ဒရှင် စာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
-
နေပြည်တော်  ဇန်နဝါရီ  ၁၄ 
-
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်တို့ပူးပေါင်း၍ မဲဆန္ဒရှင် စာရင်းပြု စုခြင်း သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်း ခန်းမ၌ ကျင်းပသည်။ 
-
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့ဖွင့်လှစ်သည့်သင်တန်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲ ကော်မရှင်တို့ပူးပေါင်းဖွင့်လှစ်သော ကော်မရှင် ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့်  အစီအစဉ် များ ထဲမှ တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယ ရွေးကောက်ပွဲကော်မရှင်မှ သုံးကြိမ်လာရောက်ပို့ချမည်ဖြစ်ပြီး ယခုမှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီ စနစ်နှင့်လျှောက်လှမ်းမှုမှာအချိန်တိုတောင်းနေသည့်အတွက် ပြည်သူလူထု အတွက်သာမက ကော်မရှင်ရုံးဝန်ထမ်းများ အတွက်ပါရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အတွေ့အကြုံ၊ ဗဟုသုတများဖြည့်ဆည်းပေးရန်လိုအပ် နေသေးကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့် တင်ခြင်းကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ရွေးကောက်ပွဲ စက်ဝန်းအရလုပ်ငန်းစဉ်များစွာရှိသော်လည်း မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းစဉ်သည်  အလွန်အရေးကြီးကြောင်း၊ သင်တန်းသားများ အနေဖြင့် အလေးအနက်ထားသင်ယူလေ့လာ ကြစေလိုကြောင်း၊ အိန္ဒိယနိုင်ငံ၏ မဲဆန္ဒရှင်စာရင်းကောက်ယူမှုစနစ်မှ   အားသာချက်၊ အားနည်းချက်များကိုလေ့လာ၍  မိမိတို့မဲ ဆန္ဒရှင် စာရင်းပြုစုသည့် လုပ်ငန်းစဉ်တွင် အကျိုးရှိရှိအသုံးပြုနိုင်ရန်လိုကြောင်း  ပြောကြားသည်။ 
-
ဆက်လက်၍ Dr. Noor Mohammad  က မဲဆန္ဒရှင်စာရင်းပြုစုခြင်း လုပ်ငန်းစဉ်သည် အရေး ကြီးကြောင်း၊ မဲဆန္ဒ ရှင် စာရင်း ပြည့်စုံ မှန်ကန်ရေးအတွက် လုံလောက်သော ဘတ်ဂျက်ရှိရန်လိုအပ်သည့်အပြင်  ဝန်ထမ်းများ၏ စီမံ ခန့်ခွဲမှု ကောင်းခြင်းနှင့်  လုပ်ငန်းကျွမ်းကျင်မှုရှိရန်လိုကြောင်း၊ အိန္ဒိယရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂ဝ၁၉ ခုနှစ် အတွင်း သင်တန်းငါးခု ဖွင့်လှစ်ရန်စီစဉ်ထားပြီး ယခုသင်တန်းသည် တတိယသင်တန်း ဖြစ်ကြောင်း၊ စတုတ္ထ သင်တန်းကို အိန္ဒိယနိုင်ငံနှင့်  ပဉ္စမသင်တန်းကို မြန်မာနိုင်ငံတို့၌ ဖွင့်လှစ်ပို့ချ မည်ဖြစ်ကြောင်း ပြောကြားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger