www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 2, 2019

တောင်ကိုရီးယား ငါးဖမ်းသင်္ဘောများ၌ လုပ်ကိုင်ရန် မြန်မာ အလုပ်သမားများ စေလွှတ်ရေး စီစဉ်

-
ရန်ကုန်   ဇန်နဝါရီ   ၁ 
-
မြန်မာနိုင်ငံမှ   အလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံရှိ ငါးဖမ်းသင်္ဘောများ၌ လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး စေလွှတ်ရန် စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးမျိုးအောင်ထံမှ သိရသည်။ 
-
ယင်းကဲ့သို့  အလုပ်သမား စေလွှတ်ခြင်း သည်  ပထမအကြိမ် ဖြစ်သကဲ့သို့ မြန်မာ-တောင်ကိုရီးယား နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးထားသော MoU ၏ ပြင်ပလုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း သိရသည်။ ''ဒီလုပ်ငန်းကလစာလည်း ကောင်းတာကြောင့် မြန်မာအလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်းရအောင် စေလွှတ်သင့်ပါတယ်။ သူက MoU သတ်မှတ်ချက်ရဲ့ အပြင်ဘက် လုပ်ငန်းဖြစ်တော့  လုပ်ငန်းခိုင်မာမှု ရှိအောင် ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတာပါ'' ဟု ဦးမျိုးအောင် ကပြောသည်။ 
-
ယင်းကဲ့သို့ အလုပ်သမားများ သွားရောက်ရာတွင် ဗီဇာစနစ်ဖြင့် သွားရောက် လုပ်ကိုင်ရမည်ဖြစ်သကဲ့သို့ တရားဝင် လုပ်ငန်းမျိုးလည်း ဖြစ်သည်။ နှစ်နိုင်ငံသဘောတူ ရေးထိုးထားသော MoU အရ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံရှိ  စိုက်ပျိုးရေး လုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများသို့ စေလွှတ်ခဲ့ပြီး ယခုကဲ့သို့ ငါးဖမ်းသင်္ဘော လုပ်ငန်းများ။သို့  တရားဝင် စေလွှတ်ခြင်းမှာ ပထမဆုံးဖြစ်ကြောင်း၊ ၂ဝ၁၈ ခုနှစ်အတွင်း ၁ဝ လတာ ပြုစုထားသောစာရင်းအရ တောင်ကိုရီးယားနိုင်ငံသို့  မြန်မာအလုပ်သမား ၅၂၃၅ ဦး တရားဝင် စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း  သိရသည်။ 
-
လက်ရှိတွင် ထိုင်းနိုင်ငံရှိ ရေလုပ်ငန်းများ၌ ရေလုပ်သား ၄ဝဝဝဝ ကျော် လိုအပ်ချက်အပေါ် မြန်မာနိုင်ငံမှ ရေလုပ်သားများကို MoU  စနစ်ဖြင့်ခေါ်ယူရန် ညှိနှိုင်းခဲ့ပြီး မြန်မာ-ထိုင်းနယ်စပ်ဖြစ်သည့် ကော့သောင်းမြို့၌ အလုပ်သမားရုံး ဖွင့်လှစ်ကာ One Stop Service ဖြင့်စေလွှတ်ရန်  စီစဉ်ထားကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger