
-
နေပြည်တော် ဇန်နဝါရီ ၁ဝ
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်စံပြကျေးရွာ၊ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးကလူဒေါကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံ တိုင်းရင်းသား ပြည်သူများအား ဇန်နဝါရီ ၉ ရက်နှင့် ၁ဝ ရက်တို့တွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါ ကျေးရွာများရှိ ဓမ္မာရုံနှင့် ခရစ်ယာန် ဘုရားကျောင်းတို့၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲက့ ဒေသခံ တိုင်းရင်းသားပြည်သူ ၂၇၅ ဦးတို့ကို သွားနှင့်ခံတွင်းရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ အရိုးရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment