
-
နေပြည်တော် ဇန်နဝါရီ ၁ဝ
-
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်အတွင်းရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား ဇန်နဝါရီ ၉ ရက် နေ့လယ်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အဖွဲ့ဝင်များကတာလေမြို့ရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ သွားရောက်တွေ့ဆုံသည်။
-
တွေ့ဆုံရာတွင် တိုင်းမှူးက အမှာစကား ပြောကြားပြီး ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment