www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 29, 2019

မိုးညှင်းမြို့၌ ဘီအီးဒီ စာပေးစာယူ သင်တန်းဝင်ခွင့် စာမေးပွဲ ကျင်းပ


မိုးညှင်းမြို့၌ ဘီအီးဒီ စာပေးစာယူ သင်တန်းဝင်ခွင့် စာမေးပွဲ ကျင်းပ
-
မိုးညှင်း ဇန်နဝါရီ ၂၈ 
-
ကချင်ပြည်နယ် ပညာရေးမှူးရုံး (၂ဝ၁၉/၂ဝ၂ဝ) ပညာသင်နှစ် ပညာရေးဘွဲ့ (ဘီအီးဒီ) စာပေးစာယူ နှစ်နှစ်သင်တန်း (ပထမနှစ်) လုပ်သက်တန်းစီ ဝင်ခွင့်စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီကမိုးညှင်းခရိုင် မိုးညှင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။ 
-
အဆိုပါ စာမေးပွဲသို့ မိုးညှင်းခရိုင် အတွင်းရှိ မိုးကောင်းမြို့နယ်၊ ဖားကန့်မြို့နယ်၊ မိုးညှင်း မြို့နယ်တို့မှ မူလတန်း ကျောင်းအုပ်ဆရာ/ ဆရာမများ၊ အလယ်တန်းပြဆရာ/ဆရာမများ၊ အထက်တန်းပြဆရာ/ဆရာမများ စုစုပေါင်း ၆၇၂ ဦး ဝင်ရောက် ဖြေဆိုကြသည်။ ''ဘီအီးဒီဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်း တက်ရောက်ခွင့် စာမေးပွဲကို မိုးညှင်းခရိုင် အတွင်းမှာရှိတဲ့ ဆရာ၊ ဆရာမ ၈၆၅ ဦး စာရင်း တင်သွင်းထားပေမယ့် လာရောက် ဖြေဆိုတာ ၆၇၂ ဦးပဲရှိပါတယ်။ ဘာသာရပ် ကိုးခုအတွက် ဖြေဆိုကြတာ ဖြစ်ပြီး ၃ နာရီ မေးခွန်း ဖြစ်ပါတယ်''ဟု ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးက ပြောသည်။ 
-
အဆိုပါ စာမေးပွဲသို့ မိုးညှင်းခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းဦးနှင့် ဝန်ထမ်းများ၊ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းနွဲ့နှင့် ပညာရေးဝန်ထမ်းများ၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးသန့်လွင်စိုးနှင့် ပညာရေး ဝန်ထမ်းများက ကြီးကြပ် ဆောင်ရွက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger