www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 3, 2019

စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများအတွက် ပြည်ပ လုပ်ငန်းရှင်များ လာရောက် ဆွေးနွေး

စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများအတွက်  ပြည်ပ လုပ်ငန်းရှင်များ လာရောက် ဆွေးနွေး
-
ရန်ကုန် ဇန်နဝါရီ ၂ 
-
ပြည်တွင်း၌ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချခြင်းများ အတွက် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်နိုင်ရန် ပြည်ပလုပ်ငန်းရှင်များက လာရောက် ဆွေးနွေးလေ့လာမှုများ လုပ် ဆောင်လျက်ရှိကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။ 
-
''ပြည်ပလုပ်ငန်းရှင်တွေက လာရောက် လေ့လာဆွေးနွေးတာတွေကို လုပ်လာကြတယ်။  လောလောဆယ်လည်း  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် ဖိတ်ခေါ်ထားသလို အခွင့်အလမ်းတွေလည်း   ဖွင့်ပေးထားပါတယ်။ Investment နဲ့ပတ်သက်လို့တော့ တော်တော်များများကို  ခွင့်ပြုထားတယ်။ ကန့်သတ်ပိတ်ပင်ထားတာ မရှိသလောက်ပဲ။ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ညီရင် လုပ်ခွင့်ပေးထားတယ်'' ဟု ၎င်းကပြောသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ ဖက်စပ်ကုမ္ပဏီများက ရင်းနှီးမြှုပ်နှံရန်  လတ်တလောတွင်  လာရောက်တင်ပြမှုများ ရှိနေကြောင်း၊ ပြည်တွင်းစက်သုံးဆီ ဈေးကွက် တွင်  ယခုရက်ပိုင်းအတွင်း  ဈေးနှုန်းများ ပြန်လည် ကျဆင်းသော  အခြေအနေမျိုး  တွေ့ကြုံရပြီး တစ်လီတာလျှင် ယခင် ငွေကျပ် ၁ဝဝဝ  ကျော်ဖြစ်ခဲ့ဖူးသော အခြေအနေမှ  တစ်စတစ်စဖြင့်   ငွေကျပ်   ၈ဝဝ  အောက် အထိ ကျဆင်းလာကြောင်း၊  ထိုသို့ ဈေးနှုန်းများကျဆင်းခြင်းမှာ  တင်သွင်းရသော စင်ကာပူဒိုင်ဈေးနှုန်းအပေါ် မူတည်ကာ  ပြောင်းလဲ လာခြင်းဖြစ်ကြောင်း  သိရသည်။ 
-
''ကျွန်တော်တို့အနေနဲ့က ဈေးနှုန်းတွေကို တည်ငြိမ်စေချင်တာပါ။ အခုကလည်း ဒိုင်ဈေးပေါ်မူတည်တာပေါ့၊။ရောင်းသူနဲ့ ဝယ်သူကြား သင့်တင့်မျှတတဲ့ အခြေအနေမျိုး ရှိတဲ့အခါ ဈေးကွက်လည်ပတ် စီးဆင်းမှုတွေ မှန်ကန်ပြီး ဖွံ့ဖြိုးနိုင်မှာဖြစ်ပါတယ်''  ဟု ၎င်းကပြောသည်။ ယခုအခါ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကစက်သုံးဆီ အရောင်းဆိုင်များ၌ ယနေ့ အောက်တိန်း  ၉၂ တစ်လီတာလျှင် ငွေကျပ် ၇ဝဝ ဝန်းကျင်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ငွေကျပ် ၇၉ဝ  ဝန်းကျင်၊  ဒီဇယ်ဆီ  (၅ဝဝ ppm) တစ်လီတာလျှင် ငွေကျပ် ၈၉ဝ ဝန်းကျင်၊ ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင်  ငွေကျပ် ၉ဝဝ ဝန်းကျင် ဈေးနှုန်းများဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger