
-
နေပြည်တော် ဇန်နဝါရီ ၂ဝ
-
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖက်မာ ကျေးရွာရှိ ဒေသခံ ပြည်သူများအား ဇန်နဝါရီ၁၉ ရက် နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာရှိအခြေခံပညာမူလတန်း ကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ ဆောင်ရွက်ပေး သည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေး အဖွဲ့က ဒေသခံပြည်သူ ၁၁၅ ဦးတို့အား သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါး ကုသမှုများ ဆောင်ရွက်ပေးပြီး ဟင်းချိုမှုန့် စားသုံးခြင်း၏ အန္တရာယ်အကြောင်း ကျန်းမာရေး အသိပညာပေး ဟောပြော ဆွေးနွေးပေးခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment