www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 11, 2019

ရေးမြို့နယ် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရေးမြို့နယ် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လေဘေးသင့်ပြည်သူများအား သွားရောက်တွေ့ဆုံ၊ ထောက်ပံ့ပစ္စည်းများ ပေးအပ်
-
နေပြည်တော် ဇန်နဝါရီ ၁ဝ 
-
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကုလားကုတ်ကျွန်း ကျေးရွာအုပ်စု အောက်ဆိပ်ကျေးရွာရှိ လူနေအိမ်များနှင့် အခြေခံပညာ အထက်တန်းကျောင်းတို့ အမိုးလန်ပြိုကျ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။ 
-
အဆိုပါကျေးရွာရှိ လေဘေးသင့်ပြည်သူများအား ဇန်နဝါရီ ၉ ရက် နံနက်ပိုင်းတွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးပြီး ထောက်ပံ့ပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 
-
-
ထို့ပြင် နယ်မြေခံတပ်မတော်သားများက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများနှင့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ နေအိမ်များ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးခြင်းနှင့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အောက်ဆိပ်ကျောင်းဟောင်း ဆရာတော် ဘဒ္ဒန္တနာဂသိမ်နအား ဖူးမြော်၍ လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁၀၀)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger