
-
နေပြည်တော် ဇန်နဝါရီ ၁၄
-
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မန္တလေးတပ်နယ်နှင့် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှ တပ်မတော်သား မိသားစုဝင်များအတွက် ဖွင့်လှစ်သည့် စက်ချုပ်သင်တန်း အမှတ်စဉ်(၂/၂ဝ၁၉)ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ရန်အောင်မြင် ခန်းမ၌ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခင်ဇော်နှင့် အရာရှိ၊စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။
-

-
ဖွင့်ပွဲတွင် ဒုတိယတိုင်းမှူးက အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများနှင့် သင်တန်းသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။ အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသူများနှင့် အဆင့်မြင့် စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)မှ သင်တန်းသူ စုစုပေါင်း ၁ဝဝ ဦးတို့အား ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment