www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 22, 2019

တိုင်းဒေသ ကြီးနှင့် ပြည် နယ် မြန်မာ့ သိုင်း ပြိုင် ပွဲ ဆုေ ပး ပွဲ ကျင်း ပ

တိုင်းဒေသ ကြီးနှင့် ပြည် နယ် မြန်မာ့ သိုင်း ပြိုင် ပွဲ ဆုေ ပး ပွဲ ကျင်း ပ ...
-
နေပြည်တော် ဇန်နဝါရီ ၂၁ 
-
၂ဝ၁၉ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီတွင် ဝဏ္ဏသိဒ္ဓိအား ကစားကွင်း (A) ရုံ၌ကျင်းပရာ ဗန်တိုအတိုက်ပြိုင်ပွဲအဖြစ် အမျိုးသမီး ၅၃-၅၇ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၄၉-၅၃ ကီလိုတန်းပြိုင်ပွဲ၊ အမျိုးသား ၆၁-၆၅ ကီလိုတန်း ပြိုင်ပွဲ၊ အမျိုးသား ၆၅-၆၉ ကီလိုတန်းပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြသည်။ 
-
ဆက်လက်၍ ပြိုင်ပွဲအပြီး ဆုပေးပွဲအခမ်းအနားကိုကျင်းပရာ အမျိုးသမီး ၅၃-၅၇ ကီလိုတန်းတွင် ပထမဆုရရှိသော နှင်းသက်ဝေ (ပဲခူး)၊ ဒုတိယဆုရရှိသောခင်ရတီကို(ကချင်)၊ ပူးတွဲတတိယဆုရရှိသော မေဆုလင်း(စစ်ကိုင်း)နှင့် နန်းဆိုင် လောဝ်(ရှမ်း)ကိုလည်းကောင်း၊ အမျိုးသား ၅၃-၅၇ ကီလိုတန်းတွင် ပထမဆုရရှိ သော ဝိုင်းချစ်(မန္တလေး)၊ ဒုတိယဆုရရှိသော ဝင်းလင်းထိန်(တနင်္သာရီ)၊ ပူးတွဲ တတိယဆုရရှိသော အောင်ဇော်မျိုး(မကွေး)နှင့် ကံမာ(ရှမ်း) ကို လည်းကောင်း၊ အမျိုးသား ၄၉-၅၃ ကီလိုတန်းတွင် ပထမဆုရရှိသော ဇော်ဝင်းဦး(ရန်ကုန်)၊ ဒုတိယဆုရရှိသော ကောင်းမြတ်မွှေး(ပဲခူး)၊ ပူးတွဲတတိယဆုရရှိသော အောင်နိုင်ဝင်း(ရှမ်း)နှင့် ချစ်မင်းသူ(တနင်္သာရီ)ကိုလည်းကောင်း၊ အမျိုးသား ၆၁-၆၅ ကီလိုတန်းတွင် ပထမဆုရရှိသော မြင့်မြတ်ဦး(မန္တလေး)၊ ဒုတိယဆုရရှိသော ဝေယံစိုး (နေပြည်တော်)၊ ပူးတွဲတတိယဆုရရှိသော ညီထူး(ရှမ်း)နှင့် ချမ်းမြေ့အောင် (ကချင်)ကိုလည်းကောင်း၊ အမျိုးသား ၆၅-၆၉ ကီလိုတန်းတွင် ပထမဆုရရှိသော စိုင်းနောင့်(ရှမ်း)၊ ဒုတိယဆုရရှိသောဇင်မင်းဦး(ပဲခူး)၊ ပူးတွဲတတိယဆု ရရှိသော ယွမ်ဘူးလိန်း(ချင်း)နှင့် ငြိမ်းချမ်းအောင်(မွန်)တို့ကိုလည်းကောင်း အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ကြသည်။ 
-
ဆက်လက်၍ အမျိုးသမီး အကောင်းဆုံး ကစားသမားဆုရ နှင်းသက်ဝေ(ပဲခူး)နှင့် အမျိုးသားအကောင်းဆုံး ကစားသမား ဆုရ ဝိုင်းချစ်(မန္တလေး)တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးကျော်ဦးက အကောင်းဆုံးအားကစားသမားဆု တံဆိပ်ပေးအပ်ခဲ့သည်။ 
-
ထို့နောက် မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ရွှေလေးခု ၊ငွေနှစ်ခု၊ ကြေးသုံးခုဖြင့် အမျိုးသမီးတံခွန်စိုက်ဆုဖလား ရရှိသော ရန်ကုန်တိုင်းဒေသကြီး အသင်းကိုလည်း ကောင်း၊ ရွှေခုနစ်ခု၊ ငွေ ငါးခု၊ ကြေးနှစ်ခုဖြင့် အမျိုးသားတံခွန်စိုက်ဆု ဖလားရရှိသော မန္တလေးတိုင်း ဒေသကြီး အသင်း နှင့် ရွှေ ၁၁ ခု၊ ငွေခုနစ်ခု၊ ကြေးငါးခုဖြင့် စုပေါင်းတံခွန်စိုက်ဆုဖလားရရှိသော ရန်ကုန်တိုင်း ဒေသကြီး အသင်း တို့ကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က တံခွန်စိုက်ဆုဖလားများ ပေးအပ်ကြကြောင်းသိရသည်။ 
-
မောင်မောင်စိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger