www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 11, 2018

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြေးလမ်းအတွက် Taxiway လမ်းကြောင်းသစ် နှစ်လမ်း ထပ်မံ တည်ဆောက်ရန် စီစဉ်

-
ရန်ကုန်   ဒီဇင်ဘာ   ၁ဝ
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ လေယာဉ်ပြေးလမ်း အလွယ်တကူ ရှင်းလင်း နိုင်ရေးအတွက်  အထောက်အကူပြုသော Taxiway   လမ်းကြောင်းသစ် နှစ်လမ်းကို ထပ်မံတည်ဆောက်ရန် စီစဉ်ထားကြောင်း Yangon  Aerodrome Company Limited ၏ Chief Executive Office Mr.Ho Chee Tong ထံမှ သိရသည်။
-
လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ Taxiway လမ်းကြောင်းရှစ်ခုဖြင့် ဝန်ဆောင်မှု ပေးလျက်ရှိပြီး  လေယာဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရေးကိုလည်း ဆောင်ရွက် လျက်ရှိသည်။  ထို့ပြင် ၂ဝ၁၉ ခုနှစ်တွင် ပြည်ပခရီး သွားလာမှု  တိုးတက်လာရေး အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြှင့်တင်နေပြီး Boeing 737 လေယာဉ် ၁၃ စင်း ရပ်နားနိုင်မည့်နေရာသစ်ကိုလည်း တိုးချဲ့တည်ဆောက်မည် ဖြစ်သည်။
-
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ Terminal အတွင်း အဆင့်မြှင့်တင်မှု အနေဖြင့် Terminal 1 တွင် အလိုအလျောက် လုံခြုံရေး စစ်ဆေးစက်ပါရှိသည့် Check in Counter  အသစ်  အခု ၃ဝ၊ Baggage Claim  Belt အသစ်ငါးခု၊ ခရီးသည်နားနေရန် ခန်းမများနှင့် စားသောက်ဆိုင်ခန်းများကိုလည်း တိုးချဲ့ ထားကြောင်း သိရသည်။
-
''လာမယ့်နှစ်မှာ ဒီနှစ်ထက် ခရီးသွားပိုမို ဝင်ရောက်စေဖို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။လေယာဉ်ပြေးလမ်းတွေ အလွယ်တကူရှင်းလင်းနိုင်ဖို့ Taxiway  လမ်းကြောင်း အသစ်နှစ်ခု ထပ်မံတည်ဆောက် သွားမှာပါ။ တိုးတက်လာမယ့် ခရီးသွားဦးရေနဲ့အတူ ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့ လိုအပ်လာတဲ့အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လေကြောင်းလိုင်းအားလုံး နဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်အောင် ကြိုးပမ်း ဆောင်ရွက်နေတာပါ။ လက်ရှိမှာ လိုအပ်တဲ့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေကိုအဆင့်လိုက် ဆောင်ရွက်နေပါတယ်'' ဟု Mr.Ho Chee Tong ကပြောသည်။
-
ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ယခင်က နိုင်ငံတကာခရီးစဉ် ပေါင်း ၂၁ ခု ချိတ်ဆက် ပျံသန်းနိုင်သော်လည်း လက်ရှိတွင် နိုင်ငံတကာ ခရီးစဉ်ပေါင်း ၂၈ ခုအထိ တိုးချဲ့ပျံသန်းနေပြီဖြစ်သည်။ ထို့ပြင် ယခုနှစ်အစောပိုင်းမှစ၍ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ အချိန်ပြည့်ဝန်ဆောင်မှု ပေးနိုင်သော Airport Operations Control Center ကိုလည်း စတင်ဖွင့်လှစ်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger