www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 24, 2018

နိုဝင်ဘာလအတွင်း MOU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့်လုပ်သား နှစ်သောင်းကျော်ရှိ

နိုဝင်ဘာလအတွင်း MoU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်သည့်လုပ်သား နှစ်သောင်းကျော်ရှိ
-
ရန်ကုန် ဒီဇင်ဘာ ၂၃ 
-
၂ဝ၁၈ ခုနှစ် နိုဝင်ဘာလအတွင်း MoU စနစ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ် ကိုင်သည့် လုပ်သား နှစ်သောင်းကျော်ရှိကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနမှ သိရသည်။ 
-
ပြည်ပသို့ အလုပ်သွားရောက် လုပ်ကိုင်သူ၂၄၉၈၇ ဦးရှိသည့်အနက် ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်သူ ၂ဝဝ၁၄ ဦး အထိရှိကာ ပြည်ပသို့သွားရောက်သည့် လုပ်သားများအနက် အများ ဆုံးဖြစ်ကြောင်း သိရသည်။ ထို့ပြင် မလေးရှား နိုင်ငံသို့ ၄၁ဝ၉ ဦး၊ တောင်ကိုရီးယား နိုင်ငံသို့ ၄၂၄ ဦး၊ ဂျပန် နိုင်ငံသို့ ၃၆၃ ဦး၊ စင်ကာပူ နိုင်ငံသို့ ၁၉ ဦး၊ အာရပ်စော်ဘွားများ ပြည်ထောင်စုသို့ ၂ဝ ဦး၊ ဂျော်ဒန်နိုင်ငံသို့ ၂၆ ဦးနှင့် ကာတာ နိုင်ငံသို့ ၁၂ ဦး စေလွှတ်နိုင်ကြောင်း သိရသည်။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်မှုတွင် လစဉ်အများဆုံး စေလွှတ်နိုင်သော် လည်း ထိုင်းနိုင်ငံရောက် တရားမဝင်မြန်မာရွှေ့ပြောင်း လုပ်သားများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာမှုမှာလည်း လစဉ်များပြား လျက်ရှိကြောင်း သိရသည်။ 
-
နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် အလုပ်လုပ် ကိုင်နိုင်သူ တစ်ဦးချင်းဝင်ငွေ တိုးပွားလာစေရေး ရည်ရွယ်ကာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရန် ပြည်ပသို့ တရားဝင်စေလွှတ်ခြင်း ဖြစ်ကြောင်း သိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger