www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 26, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှစ်ဖက် ညှိနှိုင်း၍ မြေပြင် လှည့်ကင်းဆောင်ရွက်

-
နေပြည်တော်  ဒီဇင်ဘာ  ၂၅ 
-
ရခိုင်ပြည်နယ် မောင်တောမြို့နယ် နယ်မြေ(၁)  အမှတ်(၅)  နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အောင်သပြေနယ်မြေ ရုံးမှ ယာယီ ရဲမှူး အောင်ဆွေဦး ဦးစီး တပ်ဖွဲ့ဝင်များ၊ စကားပြန်တစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အမှတ်(၁၁)နယ်ခြားစောင့် တပ် Panchari  ကင်းစခန်း ဒုတိယစခန်းမှူး Naib  Subedar  Md. Salim  Uddin ဦးစီး တပ်ဖွဲ့ဝင်များ၊ စကားပြန်/ လမ်းပြ သုံးဦးတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီခွဲက မြန်မာနိုင်ငံဘက်ခြမ်း နယ်ခြားမှတ်တိုင်(၅၁)အနီး၌ တွေ့ဆုံဆွေးနွေး၍   မိမိတို့နိုင်ငံအသီးသီး အတွင်းရှိ    နယ်စပ်ခြံစည်းရိုးလမ်း အတိုင်း  နယ်နိမိတ်မှတ်တိုင်(၅၁)မှ (၅၁/၅)ထိ နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ မြေပြင် လှည့်ကင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။          
-
ရဲပြန်ကြား 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger