www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 3, 2018

မိတ္ထီလာမြို့ရှိ ထီးသုံးဆင့်စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်း လုပ်အားဒါနပြုလုပ်

မိတ္ထီလာမြို့ရှိ ထီးသုံးဆင့်စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး စုပေါင်း လုပ်အားဒါနပြုလုပ်
-
နေပြည်တော်  ဒီဇင်ဘာ  ၂ 
-
မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာမြို့ရှိ ထီးသုံးဆင့်စေတီတော်မြတ်ကြီး ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် မိတ္ထီလာတပ်နယ်မှ တပ်မတော်သားများနှင့် မိသားစု ဝင်များက စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးသည်။
-
ထိုသို့ဆောင်ရွက်ပေးရာတွင် တပ်မတော်သားများက စေတီတော် ရင်ပြင်ပေါ်နှင့် ပတ်ဝန်းကျင်တို့၌ သန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အမှိုက်များ ရှင်းလင်းခြင်းတို့အား စုပေါင်းလုပ်အားဒါန ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger